Final

5.1K 356 80
                                    

ဂျယ်ရှင်း ပြန်သွားပြီးလို့ ခဏအကြာ တံခါးခေါက်သံ ကြားရသည်။

"အစ်ကို့အတွက် စာလေး ‌ရောက်လာပါတယ် "

မိန်းကလေး တစ်ယောက်. . လက်ထဲမှ ခရမ်းနုရောင် စာအိတ်ကလေး ကိုင်ကာ ကျွန်‌တော့်ကို ပေးလာသည်။

လိပ်စာ၊ နာမည်က ကျွန်‌တော့်ဟာ အစစ်အမှန်ဖြစ်သည်။ ပေးပို့သူက Kim Taehyung. .

စာကို လက်ခံထားလိုက်ကာ စားပွဲပေါ်မှသာ ထားလိုက်သည်။

တစ်နာရီလောက် ဒီအတိုင်း ထိုင်ကြည့်နေလိုက်မိသည်။

အကယ်၍များ ကျွန်တော့်ကို ရက်ရက်စက်စက် မုန်းနေမယ်ဆိုရင် ရင်နာရဦးမည်။

သို့သော်လည်း လက်တွေက ထိုစာအိတ်ကို လှမ်းယူပြီးသား. .

'ငါ့ရဲ့ နှလုံးသားလေး. . ဒီစာက မင်းဆီ ရောက်ပါ့မလား မသေချာပင်မယ့် အကယ်၍များ မင်းဆီ ရောက်လာခဲ့ရင် ငါတို့ တစ်ဖန် ပြန်ဆုံတွေ့ကြမယ်။

ဒီနေ့‌လည်း ငါ့ကို စိတ်နာနေတုန်းလား. . မင်းကို သိပ်ချစ်တာပါ. . အများကြီး စကားတွေနဲ့ ဖော်ပြလို့မရတဲ့အထိ၊ ဘယ်သူ့မှ မချစ်နိုင်တဲ့ အထိ ချစ်တယ်။ ထာဝရ ချစ်တယ်. .

အခု‌ရော ငါ့ကို လွမ်းနေလား. . ဒါမှမဟုတ် စိတ်နာနေပြီလား. . ငါကတော့ သိပ် သတိတရ ဖြစ်နေခဲ့တာ. . မင်းမရှိရင် တစ်စက္ကန့်လောက် နေနိုင်ဖို့တောင် ခက်ခဲလွန်းတာကို သိရဲ့လား. .

ဂျယ်ရှင်းနဲ့က ချစ်သူတွေ မဟုတ်ပါဘူး. . ဂျယ်ရှင်းက ငါ့ကြောင့် ဟန်ဆောင်ပေးခဲ့တာ. .

ငါ့ကို ဆက်ချစ်နေသေးမယ်ဆိုရင် ငါ့ဆီ အရောက်လာခဲ့ပါလား. . ငါ လွမ်းလွန်းလို့ ရူးတော့မယ်

ဘယ်လောက်ထိ ချစ်ကြောင်း မင်းယုံအောင် ပြောပြပေးမယ်. . သက်သေပြပေးမှာမို့ ငါတို့အတူ ဆက်ရှိနေရအောင်. .

မင်းနဲ့အတူ ရှိမယ့် အနာဂတ်ကို တွေးထားတယ်. . မင်းကို မမေ့သွားခင် ငါ့ဆီ လာခဲ့ပါ. .

ဒီတစ်ခါ လုံးဝ မစွန့်လွှတ်ဘဲ မင်းလက်ကို တင်းတင်းစုပ်ကိုင်ထားပေးမယ်. .

မင်းရဲ့ အငွေ့အသက်တွေ မမေ့သွားခင် ငါတို့ ထပ်တွေ့ကြရအောင်. .

A Letter To Him [Completed]Where stories live. Discover now