ဂျယ်ရှင်း ဆေးရုံက ဆင်းရပြီ ဖြစ်သည်။ Jungkook နဲ့ ကျွန်တော်က သူ့ကို အပြောင်းအရွှေ့အတွက် ကူညီပေးလိုက်ပြီး
ဂျွန်ယောင်းတို့ကတော့ အလုပ်ကိစ္စကြောင့် ရောက်မလာနိုင်ခဲ့ပါဘူး။
"ရတယ် ရတယ် မင်းတို့ နားတော့လေ "
ဂျယ်ရှင်းက အစအဆုံး အကုန် လိုက်လုပ်ပေးနေလို့ ကျွန်တော်တို့ကို အားနာနေ၏။
"Taehyung မင်းကြိုက်တဲ့ strawberry jam တွေ fridge ထဲမှာ ရှိတယ်"
ဂျယ်ရှင်းက သာမန်အတိုင်း လှမ်းပြောလိုက်ပင်မယ့် Jungkook က စိုက်ကြည့်နေ၏။
"တော်ပါပြီ ငါ ဗိုက်မဆာသေးဘူး"
သူ့ကို လှမ်းကြည့်မိတော့ ခပ်ရေးရေးလေး ပြုံးနေသည်။ ကျွန်တော့် နှလုံးသားလေး က တကယ် ကလေးလေးလို ဖြစ်နေ၏။
ဂျယ်ရှင်းအတွက် အကုန်လုံး ပြင်ဆင်ပေးပြီးမှ ပြန်လာခဲ့လိုက်သည်။
ညစာ စားဖို့ Jungkook က သူသိတဲ့ ဆိုင်ကို ခေါ်လာခဲ့သည်။
"Jungkook ဂဏန်းစားကြရအောင် "
Menu ကို ပိတ်ချလိုက်ကာ နီနီရဲရဲ အကောင်လေးတွေကို စားဖို့ လှမ်းပြောလိုက်မိသည်။
Jungkook က waiter လေးနဲ့ စကားပြောနေကာ ဟင်းအမယ်တွေ မှာနေ၏။
"ငါ မင်းကြိုက်တဲ့ ဂဏန်းမှာထားတယ်"
"Jungkook က အကောင်းဆုံးဘဲ"
သူ့လက်ကလေးကိုင်ကာ ကြည်ကြည်နူးနူး ပြောမိတော့ ကျွန်တော့်လက်ကို တစ်ချက်ကလေး ဖိ နမ်းလာသည်။
"နောက်ထပ် ဘာ ထပ်မှာချင်သေးလဲ. . "
Jungkook က လက်ချောင်းတွေကို ကျစ်ကျစ်စုပ်ကိုင်ကာ မျက်ဝန်းတောက်တောက်တွေနဲ့ ပြောလာသည်။
"ငါတို့ ဂဏန်းစားကြမလား "
ဂဏန်းတွေက အကြိုက်ဆုံး ပင်လယ်စာ ဖြစ်သည်။
"ဟမ် ခုနကပဲ မင်းစားချင်တယ်ဆိုလို့ မှာလိုက်တယ်လေ "
"အော "
ခေါင်းလေး တညှိတ်ညှိတ်လုပ်ကာ မျက်လုံးတွေကို အကြည့်လွှဲလိုက်ပြီး တွေးနေမိသည်။