Part 8

2.7K 360 43
                                    

ကားစထွက်တုန်းက ဆူဆူညံညံနဲ့ ဖြစ်နေသော်လည်း အခုတော့ အကုန်လုံး တိတ်ဆိတ်ကုန်ကြသည်။

တစ်ယောက်၊ နှစ်ယောက်လောက်ရဲ့ စကားပြောသံ ခပ်တိုးတိုးသာ ကြားရ၏။

အတော်များများက အိပ်ပျော်နေကြပြီဖြစ်သည်။

ဘေးမှာ တစ်ချိန်လုံး နားကြပ်တပ်ကာ အပြင်ကိုဘဲ ကြည့်နေသည့် Kim Taehyung ကြောင့် လက်မောင်းကို တို့ထိလိုက်မိသည်။

အထိအတွေ့ကြောင့် လှည့်ကြည့်လာသည့် မျက်ဝန်းတွေ. . အနီးကပ်ကြည့်ရင် တကယ် သိပ်လှ၏။

Jungkook လို ရေခဲတုံးကောင်ရဲ့ နှလုံးသားတောင် အရည်ဖျော်ပစ်သွားသေးတာ. .

"နားကြပ်ကြီး ဒီတိုင်း တပ်ထားရင် နားစည် ထိလိမ့်မယ်လေ "

ကျွန်တော့် စကားကြောင့် တစ်ဘက်ကို ဖြုတ်ပစ်လိုက်သည်။

"အင်း ဒီသီချင်းက အကြိုက်မို့ "

နားကြပ်တစ်ဘက်တည်း ထပ်ထားကာ ဟိုဘက် ပြန်လှည့်ပြီး အကျင့်အတိုင်း သီးသန့်နေ နေပြန်သည်။

"ဆိုအာက Jungkook ဘေးမှာလား. . နာနာ တို့နဲ့ အတူတူ ထိုင်ရမယ် ထင်တာ "

တစ်ယောက်တည်း ပြောနေသလို ရေရွတ်လိုက်မိသည်။ ထင်ထားသည့်အတိုင်း လှုပ်ရှားသွားသည့် မျက်ဝန်းတွေ. .

အနည်းငယ် လျော့ကျနေသည့် မျက်မှန်ကလေးကို ပင့်တင်ကာ မျက်စောင်းထိုး အနောက်ဘက်က ခုံလေးဆီ လှမ်းကြည့်နေ၏။

ဘာတစ်ခု ဆက်မပြောတော့ဘဲ ကိုယ်ကို ခပ်လျှောလျှော ထိုက်လိုက်ကာ မျက်လုံးတွေ မှေးစင်းထားလိုက်သည်။

တဖြည်းဖြည်းချင်း ခေါင်းကို စောင်းငဲ့ကာ အညိုရောင် အနွေးထည်လေးရဲ့ ပုခုံးပေါ် မှီချထားလိုက်တော့

ချောင်းဟန့်သံ တစ်ချက်ကို အနောက်ဘက်မှ ကြားရသည်။

အသံမထွက်အောင် တိတ်တိတ‌်လေး ရယ်လိုက်ကာ ခရီး‌ဆုံးအောင်ထိ မျက်လုံးတွေ မှိတ်ထားလိုက်တော့သည်။

ကားရပ်လို့ ကားပေါ်မှ ဆင်းတော့ Jungkook ရဲ့ မျက်စောင်းကို ရလိုက်သည်။

A Letter To Him [Completed]Where stories live. Discover now