Part 2

3.9K 420 40
                                    

ကျောင်းပိတ်ရက် ဖြစ်တာမို့ အဘွားရဲ့ ကြက်ကြော်ဆိုင်လေးမှာ ရှိနေဖြစ်သည်။ ဆိုလ်းရဲ့ လူအသွားအလာ များလွန်းတဲ့ လမ်းပေါ်မှာမို့ ပိတ်ရက်တွေဆို ဝယ်သူက ခပ်များများပါဘဲ. .

"မြေး ဒါကို သွားပို့ပေးပါဦး. . လိပ်စာက ဘူးပေါ်မှာ ရှိတယ်"

အဘွားဆီက ကြက်ကြော်ထုတ် လှမ်းယူလိုက်ကာလိပ်စာကို ကြည့်လိုက်မိသည်။ ဒီနားလေးက လူချမ်းသာ အိပ်ရာ‌လေးတင် ဘဲမို့ စက်ဘီးနဲ့သာ ထွက်ခဲ့လိုက်သည်။ 

စောနလေးတင် သာယာနေတုန်း ရာသီဉတုက အခုမှ အုံ့မှိုင်းမှိုင်းဖြင့် မိုးစလေးတွေ တဖွဲဖွဲ ကျနေတော့သည်။

စက်ဘီးနဲ့သာ ထွက်လာသည်မို့ ဆိုင်ကယ်နောက်မှာ တပ်ထားသည့် လေးထောင့်ဘူးက မပါ၊ ထီးလည်း မယူလာသည်မို့ ကြက်ကြော်ထုတ်ကိုသာ မိုးရေမဆိုအောင် အပေါ်ထပ် အင်္ကျီထဲ လုံအောင် ထည့်ထားရသည်။ 

မီးခိုးရောင် နှစ်ထပ်တိုက်ကလေးရှေ့ အရောက် စက်ဘီးကို ရပ်လိုက်ကာ ကြက်ကြော်ထုတ်က ရေစက်တွေကို ခါထုတ်နေလိုက်သည်။ အမိုးအကာနဲ့ မဟုတ်တာမို့ အနည်းငယ်တော့ စိုရွှဲကုန်ရ၏။ 

ခြံတခါးရှေ့သွားကာ ဘဲလ်တီးထားလိုက်သည်။  ခဏလောက်ကြာမှ တံခါးလာဖွင့်၏. .

ကျောင်းက စာအတော်ဆုံး ဟိုခပ်ချေချေကျောင်းသား. .

လက်ထဲမှ ထီးကို ခပ်ငိုက်ငိုက် ဆောင်းထားကာ အဖြူအကြီးကြီးကိုလည်း ပွေ့ပိုက်ထားပြီး ပွတ်သပ်နေသေးသည်။ 

"ကြက်ကြော်လာပို့တာ "

ကြက်ကြော်ထုတ်ကို ထိုးပေးလိုက်ကာ မျက်နှာ လွှဲထားလိုက်မိသည်။ တစ်ကိုယ်လုံးက ကြွက်စုတ်လို စိုရွှဲနေကာ ကြည့်ရဆိုးနေသည် မဟုတ်လား. . 

"ရေတွေ ရွှဲနေတာဘဲ. . ဝန်ဆောင်မှု ညံ့လိုက်တာ "

သူ့ရဲ့ စိတ်ပျက်နေသံကြောင့် မျက်နှာချင်းဆိုင် ကြည့်လိုက်မိသည်။ ကြက်ကြော် ထုတ်ကို ကြည့်ကာ သူက ရှုံ့မဲ့နေ၏။ 

မိုး‌ရွာနေတာတောင် သေချာပေါက် လာပို့ပေးလို့ ကျေးဇူးမတင်တဲ့အပြင် အပြစ်ပြောဆိုနေတော့သည်။

A Letter To Him [Completed]Where stories live. Discover now