Part 20

2.2K 274 34
                                    

အချိန်ကာလ တစ်နှစ် ကြာသွားခဲ့သည်။ 

သောက်ဆေးတွေ ထပ်တိုးကာ ကုထုံးတွေနဲ့ ကုသနေရဆဲ. . ဆိုးလွန်း‌နေတာ မဟုတ်ပင်မယ့် ဦးနှောက်ရဲ့ မှတ်ဉာဏ်တွေက အလုပ်လုပ်မှု ပိုနှေးလာခဲ့သည်။ 

ဗိသုကာ ပညာရှင် အဖြစ်က အနားယူလိုက်ကာ ဂျယ်ရှင်းတို့ လုပ်ငန်းမှာ ရှယ်ယာဝယ်ထားလိုက်သည်။ 

အမေ့ဆီကို နှစ်လ တစ်ကြိမ် သွားဖြစ်ပင်မယ့် အခုထိ မပြောပြရသေးပါဘူး. . ကျွန်တော့် အခြေအနေကြောင့် စိတ်မကောင်း မဖြစ်စေချင်ပါဘူး

Jungkook နဲ့တော့ အမြဲတမ်း တွေ့ဖြစ်ကြသည်။ ဒီရက်ထဲ ခဏခဏကို မေ့သွားတတ်လို့ သူနဲ့ စကားများရသည်က အကြိမ်ကြိမ်. .

သူနဲ့ ပတ်သက်နေသည့် အဓိကနေ့တွေကို မေ့လို့ သူက စိတ်မကောင်းဖြစ်ရင် ကျွန်တော်က အားတုံ့အားနာ ဖြစ်ရသည်။ 

သူ့ကိုလည်း ရောဂါ‌အကြောင်း မပြောပြဖြစ်ခဲ့ဘဲ ဒီအတိုင်း ဘေးမှာ နေဖြစ်ခဲ့သည်. . 

တစ်ခါတစ်လေ သူ့အတွက် ကျွန်တော်က အချိန်မပေးနိုင်ခဲ့ပါဘူး. . ဆေးရုံကို သွားရ၊ ကုသရနဲ့ နေ့ရက်တိုင်းက တစ်ထပ်တည်း လည်ပတ်နေခဲ့သည်။ 

သူ ရာထူးတိုးသွားကြောင်း သိရသည်။ ဂုဏ်ပြုပွဲကို သူတို့ အလုပ်ရှင်က ပြုလုပ်ပေးသည်မို့ ကျွန်တော့်ကို ဖိတ်ထား၏။

ဂျွန်ယောင်းတို့ ဇနီးမောင်နှံရယ်၊ ဂျယ်ရှင်းရယ်၊ ဟွာယောင်း ရောက်နေကြသည်။ 

Jungkook က သူတို့ အလုပ်က လူတွေနဲ့ စကားပြောနေသည်မို့ ကျွန်တော် ဂျယ်ရှင်းတို့ ဝိုင်းမှာ ထိုင်နေလိုက်သည်။ 

"ဂုဏ်ယူပါတယ်. ."

ပန်းစည်းကြီးထိုးထည့်ပေးကာ သူ့ကို တစ်ချက် ထိ ကပ် နမ်းလိုက်‌တော့ ဟွာယောင်းက စိုက်ကြည့်နေ၏။ 

"ကိုကို Jungkook . ."

သူမက သူ့လက်မောင်းကို ဖက်တွယ်ရင်း ဂုဏ်ပြုစကား ပြောလာသည်။ 

"မန်နေဂျာ ဂျွန် ချစ်သူ ရောက်နေတယ်ဆို. . ကျွန်တော် တို့ကို မိတ်ဆက်ပေးဦးလေ. ." 

လူ နှစ်ယောက် ရောက်လာကာ သူ့ ချစ်သူ ဆိုတာကို စိတ်ဝင်စားရင်း ဟွာယောင်းကို ကြည့်လာ၏။ 

A Letter To Him [Completed]Where stories live. Discover now