Part 15

2.5K 309 30
                                    

နေရောင်ဖျော့ဖျော့က အခန်းထဲ ဝင်လာတာတောင် ကျွန်တော် မထ နိုင်သေးဘူး. .

ဘေးနားမှ သူ့ကို ခပ်တင်းတင်းလေး ဖက်ထားလိုက်ကာ မှိတ်ကျနေသည့် မျက်တောင်ရှည်တွေကို ငေးကြည့်နေမိဆဲ. .

လူတွေပြောကြသည့် နတ်ဘုရားတစ်ပါးလို အလှမျိုးက ဘယ်လိုဖြစ်နေမည်လဲ. .

သေချာပေါက်တော့ ကျွန်တော့် ရင်နှစ်သည်းခြာလေးက နတ်ဘုရားတောင် အရှုံးပေးရသည်အထိ လှသည်။

မျက်ခွံလေးတွေ အနည်းငယ် ‌လှုပ်ရှားလာကာ လက်ချောင်းတွေ လှုပ်လာလည်း ကျွန်တော် ငေးကြည့်နေမိဆဲ

မျက်တောင် ခပ်စိပ်စိပ်တွေ ညီညီညာညာ စီတန်းနေတာကတောင် ကြည့်ကောင်းနေသေးတာ

"နိုးနေပြီလား "

"အင်း "

မျက်လုံးတွေ မပွင့်သေးဘဲ မှုန်ဝါးဝါးဖြင့် ကြည့်ကာ ပြောနေသည့် နှုတ်ခမ်းရဲရဲလေးတွေ

"ပြွတ်စ်"

တစ်ချက်ကလေး အသံထွက်သည့်အထိ နမ်းမိလိုက်တော့ လက်မောင်းကို လာရိုက်သည်။

"မျက်နှာမသစ်ရသေးဘဲ ညစ်ပတ်နေတာကို"

"မျက်နှာသစ်ပြီးရင် အခါတစ်ရာ လုပ်မှာနော်"

ခပ်ညစ်ညစ်လေး ပြုံးလိုက်ကာ ပြောမိတော့

ရင်ဘက်ကို တွန်းကာ ရေချိုးခန်းထဲ ပြေးဝင်သွားသည်။

အနောက်က လိုက်ကာ ဘေစင်မှာ မျက်နှာ အတူ သစ်ကြသည်။

သွားပွတ်တံ အစိမ်းနဲ့ ခရမ်း က လှလှပပလေး ဖြစ်နေ၏။

မှန်ထဲမှာ မြင်နေသည့် ကျွန်တော်တို့ နှစ်ယောက် ကြင်စဦး ဇနီးမောင်နှံ ဟန်နီးမွန်းထွက်လာသလို ဖြစ်နေခဲ့သည်။

တစ်ယောက်တည်း တွေးကာ ပြုံးနေမိတော့ မျက်နှာက ရေစက်တွေကို သဘက်ကလေးနဲ့ သုတ်ပေးရင်း မေးလာ၏။

"ဘာတွေ ပြုံးနေတာလဲ"

"ငါတို့က လက်ထပ်ထားတဲ့ သူတွေနဲ့ တူလို့လေ. . သီးသန့်တိုက်ခန်း၊ နှစ်ယောက်အိပ် ကုတင်၊ ရေချိုးခန်းတစ်ခု၊ သွားပွတ်တံ နှစ်ချောင်း
ပြီးတော့ မနက်ခင်း အနမ်းလေးရယ်လေ. .
တကယ် မနေ့ကမှ လက်ထပ်ထားတဲ့ ကြင်စဦး မောင်နှံလိုဘဲ "

A Letter To Him [Completed]Where stories live. Discover now