Part 6

3K 372 36
                                    

ပထမ နှစ်ဝက်စာမေးပွဲ မဖြေခင် တစ်ပတ် အလို. .
ဒီအချိန်ဆို နှစ်တိုင်း ကျောင်းရှေ့က သစ်ပင်အိုကြီးမှာ ဆုတောင်း စာရွက် အပိုင်းအစကလေးတွေ ချိတ်ပြီး ဆုတောင်းနေကျပါဘဲ။

"Jungkook ရေ. . ဒီနှစ်လည်း ဒီတာဝန်က မင်း ဆက်ယူရဦးမယ် "

အတန်းပိုင်က ရောင်စုံ စာရွက် အပိုင်းအစတွေ ထည့်ထားသည့် အိတ်ကို ထိုးပေးလာသည်။

ပထမ အတန်းချိန် မစ သေးပင်မယ့် အတန်းထဲမှာ လူစုံ နေပြီ ဖြစ်သည်။

"ဒါတွေကို နေ့လည် ထမင်းစား နားချိန် သစ်ပင်မှာ ချိတ်ထားလို့ ရပြီ. . ထုံးစံအတိုင်း တစ်ပတ် အတွင်းဘဲပေါ့ "

လက်ထဲမှ အိတ်ကို ‌ကိုင်မြှောက်ပြကာ ပြောလိုက်မိသည်။

ဒီကျောင်းရဲ့ အယူအဆက ထို သစ်ပင်အိုကြီးမှာ ဆုတောင်းရင် ဆုတောင်းပြည့်သည်။

အတန်းထဲမှ လူတိုင်းရဲ့ ခုံတွေပေါ်ဆီ စာရွက် အပိုင်းအစလေးတွေ တင်ထားပေးခဲ့သည်။

ခရမ်းနုရောင် စာရွက်ကလေး. .
ဒါက အတန်းအတွက် နှစ်ရွက်တည်းသာ ရှိသည်လေ. .

တစ်ရွက်ကို ကျွန်တော့် အိတ်ကပ်ထဲ ထိုးထည့်လိုက်ကာ တစ်ရွက်ကို စာဖတ်နေသည့် မျက်မှန်လေးနဲ့ တစ်ယောက် ရှေ့ ချထားပေးလိုက်သည်။

စာကြည့်တိုက်မှ ကိစ္စ ဖြစ်ပြီးတည်းက ကျွန်တော်တို့ ဆက်ဆံရေး ပြတ်တောက် သွားခဲ့တာ. .

"Jungkook ဘာ ဆုတောင်းထားလဲ. . ငါကတော့ သင်္ချာမှာ အမှတ်ကောင်းဖို့ "

ဂျယ်ရှင်းက ပုခုံးကို ဖက်ကာ ပြောလာသည်မို့ အကြည့်တွေကို လွှဲလိုက်မိသည်။

"ငါ မသိသေးဘူး "

ခေါင်းကုပ်ကာ ပြန်ဖြေလိုက်မိသည်။ အမှန်တကယ်ကို ဘာ ရေးရမလဲ မသိသေးတာပင်. .

နေ့လည် နားချိန်မှာ သစ်ပင်ကြီးနား လူတွေ အုံကြွနေ၏။

အတန်းအလိုက် နေရာကို သီးသန့် ပေးထားသည်မို့ ကျွန်တော်တို့ အတန်းက သစ်ပင် ဘက်ဘယ်ခြမ်းက နေရာ အသေးလေး ဖြစ်သည်။

အကိုင်းအခက်တွေမှာ ချိတ်တွဲလို့ နေရာမဆံ့ရင် အရှေ့မှာ ချထားပေးသည့် သစ်သားတန်းတွေမှာ ချိတ်လို့ရသည်။

A Letter To Him [Completed]Where stories live. Discover now