Part-1

7.4K 91 0
                                    

"နှလုံးသားကို  နင်းချေ၍"

Part-1

မိုးနဲ့ဦးမင်းတို့ရဲ့အိမ်ထောင်သက်(၅)နှစ်အတွင်းမှာ
အဆင်ပြေပြေနေလာခဲ့သမျှအဲဒီနေ့လေးမှာတော့
ခင်ပွန်းဖြစ်သူရဲ့ အကွက်လှလှကို မြင်လိုက်ရသည်။
ထိုမြင်ကွင်းက ချစ်ရတဲ့ခင်ပွန်းက မိုးရဲ့သူငယ်ချင်း
ဖြစ်တဲ့ဝေနဲ့ ပလူးပရည်လုပ်နေတဲ့ မြင်ကွင်းမဟုတ်လား။

မိုးမြင်မြင်ခြင်း ဒေါသက ထောင်းကနဲထွက်သွားရပေမယ့် အခု
ချက်ချင်းသာသွားတွေ့ရင် ရန်ပွဲနဲ့နပမ်းလုံးမိမလားပဲ။

မိုး မယုံကြည်နိုင်တဲ့မြင်ကွင်းကြောင့် ဆွံ့အမိသလို
ဒေါသထွက်လာတာကြောင့် နှလုံးခုန်သံတွေက
လည်း အရှိန်ပြင်းပြင်းဆောင့်ခုန်နေတော့သည်။
ထို့ကြောင့် စိတ်ကိုဖြေလျော့ရန်အတွက် မိုးထိုနေရာမှ
ထွက်လာကာ ကားရဲ့ဦးတည်ရာက စားသောက်ဆိုင်နဲ့
တွဲလျှက်ရှိသော တည်းခိုခန်းလေးဆီသို့။.....

မိုး ကားကို စိတ်ထိန်းကာမောင်းလာခဲ့ပေမယ့်
စားသောက်ဆိုင်ထဲရောက်တော့ မြင်လာရတဲ့
မြင်ကွင်းက မပျောက်သေးသလို ဒေါသကလည်း
မပြယ်သေးပါ။ထို့ကြောင့်မိုးကိုယ့်ဘာသာရင်ဘတ်ကိုလက်နဲ့ဖိကာ

"မိုး နင် စိတ်လျော့ စိတ်လျော့"

လို့သာ နှုတ်မှရေရွတ်ရင်း ထိုမြင်ကွင်းကို
မျက်လုံးထဲထပ်မမြင်စေရန် ဘေးနားက
ခုံတန်းရှည်ပေါ်မှာဗန်းလေးနဲ့ ခွက်မပြည့်တပြည့်
ထည့်ထားတဲ့ခွက်တစ်ခုကိုယူကာမော့သောက်လိုက်
တော့ ပါးစပ်ထဲစပ်ဖျင်းဖျင်းနဲ့ ရှိန်တိန်တိန်ဝင်သွားတဲ့
အရသာ။အဲဒါက ရေမဟုတ်ဘူးဆိုတာသိလိုက်ပေမယ့်လည်း
ဗန်းထဲ အညီအညာစီထားကာ ဖြည့်ထားတဲ့ခွက်တွေကို
တစ်ခွက်ပြီးတစ်ခွက်ယူကာ မော့သောက်နေ
ပါသော်လည်း မိုး မြင်လိုက်ရတဲ့မြင်ကွင်းက
အခုထိမျက်လုံးထဲမပျောက်ပျက်သေးပါ။
မိုး တစ်ခွက်ပြီးတစ်ခွက်ယူသောက်နေလို့ထင်ပါရဲ့။
မျက်လုံးတွေရဲ့အကြည့်ကဘယ်သူဘယ်ဝါဆိုတာ
မသဲကွဲတော့တဲ့အထိပါ။ထို့ကြောင့်ဘေးနား ရပ်လာသောလူတစ်ယောက်က

"ညီမဘာစိတ်ညစ်စရာရှိလို့ ဒီလောက်တောင်သောက်
နေရတာလဲ"

ခွက်တွေအများကြီးသောက်ထားလို့ မိုး မျက်လုံးထဲ
ရီဝေဝေဖြစ်နေသလို စကားပြောလာတဲ့ လူကို
လည်း ကြည့်မိတော့မသဲကွဲပါ။

"နှလုံးသားကို နင်းချေ၍"Where stories live. Discover now