"နှလုံးသားကို နင်းချေ၍"
Part-9
"ဦးမင်းရယ် မိုးရဲ့နောက်ကွယ်မှာဖောက်ပြန်ပြီး
ကလေးတကယ်ရှိနေတာလား။မိုးကိုပျော်ရွင်စရာ
တွေလုပ်ပြလိုက် ရင်နာစရာတွေလုပ်ပြနေခဲ့တာ
လားဦးမင်းရယ်။ဒါကြောင့်မိုးကို အပြင်ကကလေး
မွေးစေချင်တာလားရှင်ရယ် အဟင့် ဟင့်"မိုး မျက်ရည်ကျကာ ထွက်လာတော့ ဦးမင်း
ရဲ့မန်နေဂျာက မြင်သွားရကာ"သူဌေးကတော် သူဌေးနဲ့ဘာဖြစ်လာတာလဲဗျာ"
ထိုအခါမှမိုး မျက်ရည်ကိုသုတ်ရင်း ဘေးပတ်လည်မှ
ဝန်ထမ်းတွေက မြင်သွားခဲ့တာကြောင့်တစ်ချက်ကြည့်
ကာ"ကိုသက်ထွန်း ရှင့်ရဲ့သူဌေးကိုဘာ
မှသွားမမေးရသလို မိုးလာတယ်ဆိုတာ
ကိုလည်း ဝန်ထမ်းကအစဘယ်သူမှမသိပါစေနဲ့။"မိုးရဲ့ ခတ်ဆတ်ဆတ်ပြောလိုက်တဲ့စကားကြောင့်
မန်နေဂျာ ကိုသက်ထွန်း ခေါင်းအသာငြိမ့်ကာ"ဟုတ်ကဲ့ပါသူဌေးကတော်။ဘယ်သူ့မှမပြော
စေရဘူး"ထို့နောက် မိုးကုမ္ပဏီထဲကနေထွက်လာခဲ့
တော့သည်။"မိုး မင်းငိုလာတာလား။ဘာဖြစ်လို့လဲ"
"ဦးခန့်က မိုးနောက်ကိုလိုက်လာခဲ့တာလား"
မိုး ကားတံခါးကိုဆွဲဖွင့်ရင်း ဦးခန့်ကို
ပြန်ပြောနေမိသည်။"မဟုတ်ပါဘူးကွာ။ဒီအနားကိုလာရင်း မိုး
ထွက်လာတာကိုမြင်လို့မေးမိတာပါ။
ဘာဖြစ်လာတာလဲ။ရင်ဖွင့်လို့ရပါတယ်""ဟုတ်ဦးခန့် မိုးစိတ်ညစ်စရာတွေရှိလို့ပါ။
ဘာမှမပြောချင်ပါဘူး။အခုမိုးတစ်ယောက်တည်း
နေချင်လို့အိမ်ပြန်ခွင့်ပြုပါဦးနော်"မိုးက သူ့ကိုမှရင်မဖွင့်ချင်ခဲ့တာ အတင်းတောင်း
ဆိုလို့ရတဲ့အရာလည်းမဟုတ်တာကြောင့်"အင်းပါ။စိတ်လည်းအရမ်းမညစ်ပါနဲ့ကွာ။
ဗိုက်ထဲကလေးရှိတာကိုလည်းသတိ
ရပါဦး""ဟုတ်ကဲ့ဦးခန့် အခုလိုပြောပေးတာကျေး
ဇူးပါ"မိုးကားထဲဝင်ကာ အိမ်သို့သာမောင်းပြန်လာ
ခဲ့တော့သည်။ရင်ထဲမှ နာကျင်စရာကို
