Part-13

1.3K 35 0
                                    

"နှလုံးသားကို  နင်းချေ၍"

Part-13

မိုး သူမ စီးနေတဲ့ကားသော့ကိုယူကာတံခါး
ဆွဲဖွင့့်ပြီးကမ်းခြေနဲ့နီးသောဟိုတယ်သို့ဦးတည်
မောင်းနှင်လိုက်သည်။

မိုး ဟော်တယ်မှာအခန်းငှားတော့လည်း လွယ်
ကူစွာရသွားခဲ့သည်။မိုး အခန်းသော့ရတော့
ဟော်တယ်အခန်းထဲမှာ ရေချိုးကာအဝတ်အစား
လဲပြီးအပြင်ထွက်လာခဲ့သည်။

နာကျင်စရာများလာလို့် အခန်းထဲပိတ်လှောင်နာကျင်
ငိုကြွေးခံစားဖို့ကလည်းအဆင်ပြေမှာမဟုတ်ပါ။
ထို့ကြောင့်မိုး အပြင်သို့ထွက်လာပြီး ကမ်းခြေဆီသို့ဦး
တည်ပြီးလျှောက်လာခဲ့သည်။

မိုး ဂါဝန်အဖြူလေးနဲ့ တစ်ယောက်တည်းခြေလှမ်းဖြေး
ဖြေးလေးလျှောက်နေမိရင်း တိုက်ခတ်နေတဲ့လေနုနု
လေးတွေက မိုးရဲ့စည်းနှောင်ထားခြင်းမရှိတဲ့ဆံပင်
ကိုလာရိုက်ပုတ်နေသည်။ထို့အတူ မိုး အရှေ့နားက
ကမ်းခြေမှာ ပြေးလွှားဆော့ကစားနေတဲ့ ကလေး
ငယ်ကို အလယ်ထားကာ မိဘနှစ်ယောက်က
ဘေးတစ်ဖက်တစ်ချက် ဆွဲကာ လမ်းလျှောက်ကာ
ပြုံးရယ်ပျော်ရွင်နေတဲ့မြင်ကွင်းကိုမြင်မိတော့ ခြေလှမ်းရပ်တန့်သွားရပြီး မိုးမှာကလေးရှိ
ပြီးမွေးလာရင် မိုးနဲ့ဦးမင်းလည်း ကလေး
လေးကိုအလယ်ထားကာ လမ်းလျှောက်ပျော်
နေပုံကို မြင်ယောင်လာခဲ့သည်။ခဏအကြာမှာ
မိုးမြင်ကွင်းမှ ဝေနဲ့ဦးမင်းရဲ့ကလေးပုံရိပ်ကို
ထပ်မြင်လာမိသည်။

"မိုး နင် ဘာလို့ အပြင်မှာတိတ်တဆိတ်ဖောက်ပြန်
ပြီး ကလေးရနေတဲ့လူကိုသတိရနေတာလဲ။
ပြီးတော့ နင်ချစ်ရတဲ့သူကြောင့် နင့်ရင်သွေး
သေဆုံးသွားတာလေ။"

မိုးရင်ထဲမှ ဝမ်းနည်းစရာကိုပြန်တွေးမိတော့မှ ဝမ်းနည်းစိတ်တို့က လှိုင်းဂယက်ထလာကာ ပါးပြင်ပေါ်မှမျက်ရည်များက မဖိတ်ခေါ်ပါဘဲကျရောက်
လာသည်။ထို့အတူ မိုးနှုတ်ခမ်းလေးကိုခပ်နာနာဖိ
ကိုက်လိုက်ပြီးလက်သီးလေးဆုပ်နေမိသည်။

"တောက်စ် ယုတ်မာတဲ့သူတွေ နင့်တို့ဘဝမှာ
လည်း ငါ့လိုရင်သွေးတစ်ယောက်ဆုံးရှုံးရတဲ့မိခင်
တစ်ယောက်ရဲ့အဖိုးအခအတွက်အလျော်အစာြး
ပန်ပေးရမှာပေါ့။အမြဲတမ်းသီးခံ နေတတ်လို့ ခေါင်းပေါ်တက်နင်းအနိုင်ယူချင်သူတွေ။သီးခံနေ
တတ်မှုကိုအခွင့်ကောင်းအမြဲယူရင် နင်တို့ပြန်ရမယ့်
အရာက မိုးဆိုတဲ့ငါ့ထက်အဆပေါင်းများစွာခံ
စားစေရမယ်။"

"နှလုံးသားကို နင်းချေ၍"Where stories live. Discover now