"နှလုံးသားကို နင်းချေ၍"
Part-17
"ဟဲ့ သီတာလူသံကြားတယ် ငါတို့စကားရပ်
နားရအောင်"နှစ်ယောက်သား အပြန်အလှန်ပြောကာရေကန်က
နေခပ်တည်တည်နဲ့တခြားထွက်တဲ့လမ်းကထွက
်သွားခဲ့ကြသည်။မိုးမှာလည်း အန်တီစန်းရဲ့လက်ကိုကိုင်ကာအား
ပေးစကားပြောခဲ့သည်။"အန်တီစန်း စိတ်ကိုအေးအေးထားပါနော်။
အခုချိန်မှာ ဝေကျန်းမာရေးကောင်းဖို့ကသာ
အဓိကပါ။စိတ်ထဲတခြားအာရုံမရောက်ပါနဲ့နော်"မိုးပြောမှ အန်တီစန်းက ထပ်ငိုကာ
"သမီးမိုးရယ် အန်တီစန်းကသာအမှားကို
အားပေးခဲ့သူပါ။အန်တီစန်းလေ သမီးကို
တောင်းပန်ပါတယ်ကွယ်""ရပါတယ်အန်တီစန်းရယ် ဝေလည်း ဦးမင်း
ကိုတကယ်ချစ်လို့ ဒီလိုလုပ်တယ်ထင်ပါတယ်။
အခုချိန်မှာ မိုးအတွက် အဲဒါတွေက အရေး
မကြီးတော့ပါဘူး။ဝေ အမြန်ဆုံးကျန်းမာရေး
ကောင်းပြီး ဘဝကိုအေးအေးချမ်းချမ်းပျော်
ရွင်စွာဖြတ်သန်းဖို့ပဲ အရေးကြီးတာပါ"မိုး လိုချင်ခဲ့တဲ့အရာကို ဝေလုယူခဲ့လို့ မောင်လေး
နဲ့ပြဿနာဖြစ်အောင် ဖန်တီးခဲ့လည်း မိုးအပြစ်
မမြင်ရက်တော့ပါ။အစကမကျေမနပ်ဖြစ်ခဲ့ပေမယ့်
လည်း ရောဂါသည်ဖြစ်နေတဲ့သူငယ်ချင်းမလေးကို
တော့ဥပေက္ခာမပြုနိုင်ပါ။မိုး အတွက် အန်တီစန်းက
မိဘသဖွယ်ခင်တွယ်ရသူဖြစ်သလို ပေါင်းဖက်နေရ
သူနှစ်ဦးကလည်း မိုးချစ်မြတ်နိုးတဲ့သူတွေမို့လို့ခွင့်လွှ
တ်နိုင်ခဲ့ပါပြီ။"အင်းပါကွယ် သမီးမိုးက စိတ်သဘောထား
ပြည့်ဝလိုက်တာ။အန်တီကသာ သမီးအတွက်
အတ္တကိုရှေ့တန်းတင်ခဲ့မိတာပါ"ဦးမင်း ဆေးရုံတက်နေတဲ့ရက်အတွင်း မိုး
ဦးခန့်စားသောက်ဆိုင်မှာအလုပ်ခွင့်ယူ
ထားခဲ့သည်။တကယ်တော့ ဦးမင်းကို
ဝေ သံတုတ်နဲ့ရိုက်တဲ့ညက မိုးကိုအား
ကိုးတကြီးဦးမင်းဖုန်းဆက်ခဲ့သည်။
အဲဒီအချိန်တုန်းက မိုးရဲ့ဘေးမှာမောင်
လေးလည်းရှိလို့ ဦးမင်းအိမ်ကိုလာခဲ့သလို
ဝေအခြေအနေသိလို့ မိုးလည်းအန်တီစန်း
ကိုအကြောင်းကြားခဲ့ရတာပါ။