"နှလုံးသားကို နင်းချေ၍"
Part-16
"အား"
မင်းစစ်ဟန်တစ်ယောက် နာကျင်လွန်းလို့
အော်လိုက်တဲ့အသံက ဟိန်းထွက်သွားပေ
မယ့်လည်း ဝေကတော့ဂရုမစိုက်ပဲ"ဟား ဟား"
အော်ရယ်နေခဲ့ကာ သံတုတ်မှာ စွန်းလာသော
သွေးများကို ကြည့်ကာ လက်ညိုးလေးတစ်ဖက်
နဲ့တို့ထိသည်။ထို့နောက် လက်ညှိုးမှာပေနေသော
သွေးစက်ကို စူးစိုက်ကြည့်ပြီး"အို ဦးမင်းရဲ့သွေးစက်တွေက အနီရဲရဲတွေပါ
လား။ဘယ်လိုအရသာရှိလဲ မြည်းကြည့်ရမယ်"ဝေ ထိုသွေးစက်ကို လျှာနဲ့တို့ထိဖို့လုပ်တဲ့အချိန်မှာ
"ဖျောင်း"
မင်းစစ်ဟန် ဝေရဲ့ဖြစ်ပျက်နေတဲ့ ပုံစံက
ကြောက်စရာကောင်းလို့ ခြေထောက်နာ
ကျင်မှုကိုဂရုမစိုက်အားပဲ အနီးအနားကြည့်မိ
တော့ စာအုပ်ထူထူကြီးကိုမြင်လို့ ဆွဲယူကာ
ဝေမျက်နှာဆီသို့အရှိန်တကုန်ပစ်ထည့်မိသည်။
ထို့နောက် ဖုန်းတစ်ခုကိုအလောတကြီးဆက်
ခဲ့သည်။ဝေမှာ လက်ညှိုးပေါ်မှသွေးစက်ကိုလျှာနဲ့
ထိလုထိဆဲမှာ ဦးမင်းရဲ့ စာအုပ်ပစ်လို
က်တာကြောင့် ဒဏ်ရာရနေသောမျက်နှာ
တခြမ်းကိုထိသွားခဲ့သည်။ဝေမှာ အနာရှိသောမျက်နှာဆီ စာအုပ်ကျ
လာတော့ သွေးစက်ကိုမတို့ထိတော့ပဲ သံပိုင်း
ကိုပစ်ချကာကုတင်ပေါ်တက်လာပြီး"ဦးမင်းက ဝေရဲ့မျက်နှာကို စာအုပ်နဲ့
ပစ်ပေါက်တာပေါ့လေ။ဝေကို ဒီလိုလာ
လုပ်လို့ဘယ်ရပါ့မလဲ။ဝေအသားကိုလာ
ထိရင်ဝေ သိပ်ချစ်ပါတယ်ဆိုတဲ့ဦးမင်း
ကိုတောင်မှ ဝေကအလွှတ်ပေးမှာမဟုတ်ဘူး။"ဝေ ဒေါသတကြီးပြောကာ မင်းစစ်ဟန်ရဲ့လည်
ပင်းကိုညစ်နေမိသည်။မင်းစစ်ဟန်မှာ ခြေထောက်ကလည်းခိုက်ခိုက်
တုန်အောင်နာကျင်နေရသလို ဝေမှ သူ့ကိုပြော
ကာဒေါသတကြီး လည်ပင်းလာညစ်နေတော့
မင်းစစ်ဟန် ယောက်ျားတန်မဲ့ခံနိုင်ရည်မရှိတော့
ပါ။ထို့ကြောင့် မင်းစစ်ဟန်အိပ်ရာပေါ် လဲကျသွား
ရသလို ဝေကတော့ လက်နှစ်ဖက်နဲ့ မင်းစစ်ဟန်
ကိုယ်ပေါ်ခွကာ လည်ပင်းညစ်နေခဲ့သည်။
![](https://img.wattpad.com/cover/325375276-288-k766116.jpg)