"နှလုံးသားကို နင်းချေ၍"
Part-6
မိုး ဝမ်နည်းစွာရေရွတ်ရင်းမှ
လမင်းဘေးနား တစ်စထက်တစ်စများလာ
သော ကြယ်ပွင့်တွေကို စိတ်ပြေလက်ပျောက်ရေတွက်
ချင်နေမိသည်။"ကောင်းကင်ပေါ်ကကြယ်တွေကို ရေတွက်
လို့မကောင်းဘူး။အရေအတွက်မမှန်ရင်
သေတတ်တယ်"ဆိုသောစကားကိုမိုးကြားဖူးထားပေမယ့် အခုချိန်မှာ
မိုးကြယ်တွေကိုပဲရေတွက်ချင်နေမိသည်။မိုးကြယ်
တွေရေတွက်နေတုန်း"ဟော မိုးကဝရန်တာရောက်နေတာကိုး။"
ဦးမင်းရဲ့အသံကြားတာကြောင့် မိုးပါး
ပေါ်ကျဆင်းနေသော မျက်ရည်တွေကို
အမြန်သုတ်ပစ်လိုက်သည်။ဦးမင်းက မိုးရဲ့ခါးအနောက်ကနေဖက်သိုင်း
လာကာ မိုးရဲ့ ပခုံးပေါ်ခေါင်းတင်ပြီး"မိုးပြောတော့ဖြင့်အိပ်တော့မလို့ဆို။
ဦးမင်းမိုးကိုလိုက်ရှာနေတာရေချိုး
ခန်းတွေတောင်ရှာခဲ့ပြီးပြီ။
ဒါနဲ့ ဘာလို့အပြင်မှာအအေးခံနေရတာလဲ
မိုးရယ်။တော်ကြာဖျားမှဖြင့် အထဲဝင်ကြရအောင်လေ
နော်မိုး"ဦးမင်းက ပြောကာ မိုးရဲ့ဘေးတစောင်း
အနေအထားနဲ့ ပါးကိုနမ်းလိုက်တော့သည်။"မြ"
ဦးမင်းရဲ့စကားကိုမိုးမဖြေသေးခင်မှာပင်
ဦးမင်းက"မိုး ငိုထားတာလား။ခုဏက မိုးကိုဇာတ်ကား
အကြောင်းမပြောပြလို့စိတ်ဆိုးသွားတာလား။
ဦးမင်းတောင်းပန်ပါတယ်ကွာ။အဲဒီအတွက်
မိုးကို ဦးမင်းမိုးမေးတဲ့နေရာကနေပြန်
ပြောပြမယ်လေ။အိပ်ခန်းထဲဝင်ကြရအောင်နော်"မိုးကို နာကျင်အောင်ပြောပြီးမှတောင်းပန်သလို ပြန်လာချော့သိမ့်ချင်နေသောဦးမင်းရဲ့စကားကြောင့်
ရင်ထဲနာကျင်ရပြန်သည်။သို့သော် မိုးစကား
ကိုထိန်းပြီးပြောခဲ့သည်။"ဟင့်အင်း ဦးမင်း မိုးမဝင်ခြင်သေးဘူး။
ဒီလောက်အအေးနဲ့တော့မိုးမဖျားနိုင်ပါဘူး။
မိုးငိုထားတာကလည်း မာမီတို့ကိုလွမ်း
လို့ပါ။ပြီးတော့ မိုး ကောင်းကင်ပေါ်ကကြယ်လေးနဲ့
လမင်းရဲ့အေးချမ်းမှုကိုငေးမောကြည့်
ချင်သေးတယ်။မိုးဆန္ဒကိုလိုက်လျောပေးပါ။"