"နှလုံးသားကို နင်းချေ၍"
Part-18 Final
မိုး နိုင်ငံခြားရောက်ပြီးမကြာမီ မောင်လေး
ဆီကသတင်းကြားရတာက ဦးမင်းနောက်
အိမ်ထောင်ထပ်ပြုလိုက်ပြီတဲ့။မိုးထင်ခဲ့မိတာက ဦးမင်းကမိုးအပါအဝင်
ဝေနဲ့တင် အိမ်ထောင်ကိစ္စပြီးပြတ်မယ်ထင်ခဲ့
မိတာပါ။ကြားရတဲ့စကားတွေက တခြားသူပြောရင်
မယုံကြည်မိမှာမှန်ပေမယ့် အခုတော့မောင်
လေးဖြစ်သူကပြောလာသောအခါ နှလုံးသား
အနည်ထိုင်ဖို့ကြိုးစားနေရတဲ့စိတ်လေးက
ကိစ္စပြီးပြတ်ဖို့ဖြစ်လာခဲ့သည်။မိုးစက်ရာဆိုတဲ့မိန်းမသားက ကိုယ်ချစ်ခင်
မြတ်နိုးရတဲ့ယောက်ျားတစ်ယောက်ကို
ပဲ အမြဲချစ်နေမယ်လို့နှလုံးသားက ရင်ထဲ
သိမ်းဆည်းထားပါသော်လည်း သိမ်းဆည်း
ဖို့မသင့်တော့တာကြောင့် ရင်ထဲကနေ
တဖြည်းဖြည်းထုတ်ပစ်ဖို့ကြိုးစားမိသည်။အချစ်ဆိုသောအရာက မိုးအတွက်နှလုံးသားထဲ
တစ်ဦးတစ်ယောက်တည်းအတွက် ရှင်သန်နေခဲ့
လို့ လွယ်လွယ်နဲ့မေ့ပျောက်ဖို့မဖြစ်နိုင်ပါသော်
လည်း မေ့ပျောက်ဖို့ကြိုးစားရတော့မှာဖြစ်သည်။
ထို့ကြောင့်လည်း မိုးအလုပ်ထဲမှာသာနစ်မြော
စွာလုပ်ကိုင်ခဲ့သည်။မိုးလုပ်နေတဲ့အလုပ်က
ဝါသနာအရ ဓာတ်ပုံလိုက်ရိုက်ခြင်းဖြစ်သည်။မိုးရဲ့အခြားတစ်နေရာက အိမ်တစ်အိမ်မှာတော့
အခန်းထဲက ဝှီးချဲကုလားထိုင်ပေါ်မှာထိုင်ရင်း
မှန်တင်ခုံပေါ်အလှပြင်နေတဲ့ဇနီးသည်ကို
မြင်လိုက်ရတော့ မင်းစစ်ဟန်အလိုမကျဟန်ဖြင့်"ဝတီ ဘယ်သွားမလို့လဲဟင် အခုလိုပြင်
ဆင်နေတာက"ဝတီလည်း ပန်းဆံထိုးလေးကို အနောက်မှာ
ထုံးဖွဲ့ထားသောဆံထုံးပုံပုံလေးထက်အသေအချာ
ထိုးစိုက်နေရင်းမှန်ကိုသာကြည့်ကာ
မင်းစစ်ဟန်ကိုပြန်ပြောလာတာက"သြော် ဦးရယ် ဝတီအပြင်သွားစရာရှိနေ
လို့ပြင်ဆင်နေတာလေ။ပြီးတော့ ဝတီ
ဦးလိုဒုက္ခိတအနားမှာတစ်ချိန်လုံးနေပေးရအောင်
ဝတီကကျောက်ရုပ်လူသားမှမဟုတ်တာ။ဦးအတွက်
ပြုစုမယ့်သူတွေလည်းရှိနေတာပဲ"