Part-12

1.3K 36 0
                                    

"နှလုံးသားကို  နင်းချေ၍"

Part-12

မင်းစစ်ဟန် ပျာယာခတ်သွားရသည်။ဝေက
သွေးမြင်ပြီးသတိလစ်သွားသလို၊မိုးကလည်း
အရှိန်နဲ့လှေကားကနေပြုတ်ကျခဲ့တာကြောင့်
သွေးတွေစီးကာ အိုင်ထွန်းနေပြီ။မင်းစက်ဟန်
ဖုန်းမဆက်သေးပဲ မိုးကိုအရင်ပွေ့ချီကာကားထဲ
ထည့်သည်။ဝေက သွေးကိုမြင်လို့မူးလဲယုံသာမို့
ဘေးအိမ်ကအဒေါ်ကိုစောင့်ကြည့်ခိုင်းလိုက်သည်။
အခုလောလောဆယ် နှစ်ယောက်စလုံးကသူ့
အတွက်အရေးကြီးနေပေမယ့် မိုးကသွေးတွေနဲ့
မို့ ရင်ထဲမှာလည်း နာကျင်သွားသည်။

ကားကိုအမြန်မောင်းကာဆေးရုံဆီသို့ဦးတည်နေခဲ့ကာ

"မိုးရယ် မင်းဘာမှမဖြစ်ပါစေနဲ့"

ဆိုသောစကားသာ ထွက်ပေါ်လာခဲ့သည်။
ဆေးရုံရောက်တော့ မိုးကိုအရေးပေါ်ခန်းထဲ
တန်းခေါ်သွားသလို ဆေးရုံကိစ္စအတွက်
စာရင်းသွင်းလက်မှတ်ထိုးရနဲ့အလုပ်ရှုတ်
ရတော့သည်။သို့သော် မင်းစစ်ဟန်ရဲ့ ရင်ထဲ
အပူကိုတော့ ဘယ်သူမှဝင်ကြည့်ပေးမနိုင်ပါ။

မိုးမှာခွဲစိတ်အောင်မြင်ပေမယ့် ဆေးပိုက်တန်း
လန်းနဲ့ ခေါင်းမှာလည်းပတ်တီးဖွေးဖွေးက
နေရာယူနေသလို ဆေးအရှိန်နဲ့သတိလစ်နေဆဲပါ။

မင်းစစ်ဟန် သတိမရသေးတဲ့မိုးရဲ့ ဆေးပိုက်
သွင်းထားတဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်
ကာ နှုတ်ခမ်းနဲ့နမ်းရှိုက်ရင်း စကားလုံးတွေထွက်
ပေါ်လာခဲ့သည်။

"မိုးရယ် အမြန်သတိရလာပါတော့ကွာ။အရာအား
လုံးအတွက်ဦးမင်းတောင်းပန်ပါတယ်မိုးရယ်။
ဦးမင်း မိုးကိုသိပ်ချစ်သလို နှုတ်မစောင့်စည်း
မိသလို ဆန္ဒတစ်ခုကိုထိန်းသိမ်းမရလို့အခုလို
ဖြစ်သွားရတာပါ။အဲဒီအတွက်လည်း ဦးမင်း
ကိုခွင့်လွှတ်ပေးပါမိုးရယ်"

ထိုအချိန် မင်းစစ်ဟန် ဖုန်းလာတာကြောင့်
အပြင်ထွက်ကာ စကားပြောနေခဲ့သည်။

မိုးရဲ့သတိမရသေးတဲ့အချိန်မှာပဲ အပြင်မှကောင်လေး
တစ်ယောက်ဦးထုပ်အနက်လေးဆောင်ထားကာ မျက်လုံးအငြိမ်မနေသလို မိုးအခန်းထဲ
ဝင်မကြည့်ရဲပဲတံခါးအပေါက်လေးကနေချောင်းလျှက်
မျက်ရည်ဝဲနေမိသည်။ထို့နောက်နှုတ်မှလည်းတိုးတိုး
ရေရွတ်မိသည်။

"နှလုံးသားကို နင်းချေ၍"Where stories live. Discover now