"နှလုံးသားကို နင်းချေ၍"
Part-10
ထိုမြင်ကွင်းအားလုံးကို ဒေါသတကြီးချောင်းကြည့်
နေတဲ့မျက်ဝန်းတစ်စုံနဲ့ လူကိုတော့မိုးနဲ့ဦးမင်းမမြင်မိပါ။
အကြောင်းကား ဦးမင်းတို့ဇနီးမောင်နှံက အနမ်း
ရေယာဉ်ကြောမှာ နစ်မျောနေခဲ့လို့ဖြစ်သည်။"တောက် မိုးစက်ရာ နင်ဒီတစ်ကြိမ်လည်း
ပျော်နေပြန်ရောပေါ့။နောက်တစ်ကြိမ်
ပျော်ဖို့ဆိုတာနင့်ဘဝမှာလုံးဝမရှိစေရဘူး။"လက်သီးကိုဆုပ်ကာ တံခါးနောက်ကွယ်မှ
တိုးတိုးလေးရေရွတ်နေသူက ဝေသာ
ဖြစ်သည်။ထိုအချိန် မိုးက ဦးမင်းကိုတွန်းထုတ်လိုက်တဲ့
မြင်ကွင်းကြောင့် ဝေမဲ့ပြုံးပြုံးကာ အိမ်အပေါ်ထပ်
သူ့အခန်းသို့သွားခဲ့တော့သည်။မိုး ဦးမင်းရဲ့နမ်းရှိုက်မှုအောက်မှာနှလုံးသား
စေရာအတိုင်း နစ်မျောသွားခဲ့သည်။ဦးမင်းရဲ့
အနမ်းတွေကြားယစ်မူးပြီး အတန်ကြာမှ
ဝေနဲ့ဦးမင်းရဲ့ကိစ္စက ဦးနှောက်ထဲပေါ်လာ
သောအခါ မိုးရဲ့လက်နှစ်ဖက်နဲ့ဦးမင်းရဲ့ရင်
ဘတ်ကို တွန်းထုတ်လိုက်မိသည်။မိုးဦးမင်းရင်လးဘတ်ကိုတွန်းထုတ်လိုက်တော့
မှဦးမင်းက မိုးကိုမျက်လုံးရွဲရွဲတွေနဲ့ ကြင်နာသ
ဖွယ်ကြည့်လာရင်း"မိုး ဦးမင်းကိုဘာလို့တွန်းထုတ်တာလဲ။
ဦးမင်းအလွမ်းမပြေသေးဘူးလေ။"ထိုအခါ မိုးက ဦးမင်းရဲ့နှုတ်ခမ်းလေးကို
လက်ညှိုးလေးနဲ့ထိကာ"ဟိုးစတော့ ဦးမင်း။မိုးကိုဦးမင်းနမ်းနေတာ
ကြာပြီလေ။မိုးအသက်ရှူမဝလို့တွန်းထုတ်
တာပါ။ပြီးတော့ ဦးမင်းမေ့နေတာလား။
မိုးရဲ့ဗိုက်ထဲမှာ ရင်သွေးလေးရှိနေတာလေ။
အရမ်းကဲလို့ဘယ်ရပါ့မလဲ""ဟာ ကွာ မိုးကလည်း ဦးမင်းက မိုးကို
လွမ်းလို့ နှုတ်ခမ်းလေးပဲနမ်းရှိုက်တာပါ။
မကဲရပါဘူးဗျာ""ဦးမင်းနော် ကလေးကလားဆန်ဆန်နဲ့
ဘာတွေပြောမှန်းမသိဘူး။မိုးညနေစာ
လည်းမချက်ရသေးဘူးဦးမင်းရဲ့။""ညနေစာအတွက်စိတ်ပူနေတာပေါ့လေ။"
"ဟုတ်တယ်လေဦးမင်းကလည်း။
အိမ်မှာမိုးတို့ချည်းရှိတာမဟုတ်ဘူး။
ဝေလည်းရှိနေတာလေ။ညနေပိုင်း
ထမင်းစားချိန်မစားရသေးရင်ဗိုက်ဆာ
နေမှာပေါ့"