"နှလုံးသားကို နင်းချေ၍"
Part-7
"ဝေ နင်ကဘာလို့တားနေရတာလဲ။
ဦးမင်းပြောလေ""မပြောပါနဲ့နော်ဦးမင်း"
"ဟား တကယ်ပါပဲ။ဦးမင်းကလည်း
မဖြေချင် ဝေကလည်းမပြောစေချင်နဲ့
ရတယ်လေ ဘယ်တော့မှမေးတာမပြောကြနဲ့"မိုး စိတ်တိုကာ အော်ပစ်လိုက်တော့သည်။
ထို့နောက် ခေါင်းမူးနေတဲ့ကြားကနေ ဖုန်းကိုယူကာ
မိုးအောက်ထပ်ဆင်း၍ ခြံထဲတစ်ယောက်တည်း
လာထိုင်နေလိုက်တော့သည်။ဦးမင်းနဲ့ဝေတို့
ဘာတွေပြောကျန်ခဲ့လဲမိုးစိတ်မဝင်စားတော့ပါ။
မိုးဘဝမှာ နာကျင်စရာတွေကြုံလာတော့ ခံ
နိုင်ရည်မရှိပါ။ထို့နောက် ခြံထဲကဒန်းလေးပေါ်မှာ မှီပြီး
ထိုင်လိုက်ကာ ဝမ်းဗိုက်လေးကို ပွတ်ကိုင်ရင်း"မေမေတောင်းပန်ပါတယ်ကလေးရယ်။
မေမေဗိုက်ထဲမှာတောင်ကလေးလေးရှိနေတာ
တောင် စိတ်လိုက်မာန်ပါပြောခဲ့မိလို့။
ကလေးလေးကြားရင်မေမေကိုစိတ်ဆိုးနေပြီ
မလား။နောက်တကြိမ်မေမေ ကလေးလေး
စိတ်ဆိုးအောင်မပြောတော့ဘူးနော်"မိုးမမြင်ရသေးတဲ့ ရင်သွေးကလေးလေးနဲ့
စကားပြောနေမိတော့သည်။တခြားသူတွေ
မြင်လို့ကြားခဲ့ရင် ရူးနေလားလို့ပဲထင်ကြပါစေ။
မိုး ပထမဆုံးရလာတဲ့ရင်သွေးလည်းဖြစ်လို့
ရူးသွပ်မိတာတော့အမှန်ပါပဲ။မိုးဗိုက်ကလေး
ကိုပြုံးကာ ပွတ်သပ်ပြောနေရင်းမှ မှိတ်တုတ်
မှိတ်တုတ်နဲ့ ပျံဝဲနေတဲ့ ပိုးစုန်းကြူး လေးများ
ကိုမြင်လိုက်ရတော့သည်။ပိုးစုန်းကြူးလေး
များကိုမြင်တော့ မိုးက ဗိုက်ကိုလက်တစ်
ဖက်နဲ့ကိုင်ထားသလို တစ်ဖက်ကလည်း
ပိုးစုန်းကြူးလေးကိုလက်ညိုးလေးထိုးပြ
လျှက်"ကလေးလေး မြင်ရဲ့လားဟင်။ပိုးစုန်းကြူး
လေးတွေက လမင်းလိုကမ္ဘာတစ်ခွင်မထွန်း
နိုင်ပေမယ့်ကိုယ်ပိုင်အလင်းရောင်နဲ့ ရောင့်
ရဲတင်းတိမ်ပြီးကျေနပ်စွာဘဝကြီးကိုဖြတ်
သန်းပျော်ရွင်နေတယ်လေ။ကလေးလေး
မွေးလာရင် လမင်းကြီးလိုမထွန်းတောက်ချင်
ရင်တောင် ပိုးစုန်းကြူးလိုကိုယ်ပိုင်အလင်း
ရောင်နဲ့ဘဝကိုပျော်ရွင်စွာဖြတ်သန်းကြရ
အောင်နော် မေမေ့ကလေးလေး"