Part-2

2.8K 56 0
                                    

"နှလုံးသားကို နင်းချေ၍"

Part-2

တည်တံ့ မိန်းမလှလေးကို ကြည့်နေရင်းမှာပင်
ပူအိုက်လို့လားမသိပါ။အိပ်ရာမှလူးလွန့်နေ၏။
ထို့ကြောင့် တည်တံ့ မိန်းမလှလေးရဲ့လက်နှစ်ဖက်ကို
ဆွဲလိုက်တော့ မျက်လုံးပင်မပွင့်ပဲ

"ဝေါ့ "

ဆိုပြီး အန်ဖတ်တွေ အိပ်ရာခင်းပေါ် အန်ချပစ်လိုက်သည်။

"ဟာ ကွာ ကျစ် ကုန်ပြီ"

တည်တံ့ထိုမျှသာပြောပြီး အန်နေတဲ့မိန်းမလှလေး
ရဲ့ နောက်ကျောကို ပွတ်သပ်ပေးကာထိုအိပ်ရာခင်းမှာပင်
ပေးအန်ထားလိုက်သည်။ အန်တာ
ရပ်နားမှ သူ ခလုတ်တစ်ခုကိုနိပ်ပြီးအခန်းသန့်ရှင်းရေး
လုပ်ရန် မန်နေဂျာကိုခေါ်လိုက်သည်။ထို့နောက် သူက
မိန်းမလှလေးကို ရေချိုးခန်းကိုပွေ့ချီလာကာ ရေပိုက်နဲ့
ခန္ဓာကိုယ်ကိုယ် လောင်းချလိုက်၏။

သူရေလောင်းချပေးတော့လည်း

"ချမ်းတယ် မိုးကို ဘယ်သူရေလောင်းနေလဲ ရေမချိုးဘူး"

ဟု ပြောကာ ခေါင်းခါပြီး ငြင်းဆန်နေခဲ့သည်။

"ဟူး လောလောဆယ် တည်တံ့ရေ
မိန်းမလှလေးနဲ့တော့ခက်ရချည်ရဲ့ကွာ"

တည်တံ့ပြောလည်းပြော မိန်းမလှလေးကို
တဘက်ပိုင်းနဲ့ရေစိုနေသောခန္ဓာကိုယ်ကိုယ်
ပတ်ကာ ခေါ်လာခဲ့တော့သည်။ရေထိသွားတာတောင်
မိန်းမလှလေးက အမူးပြေသေးဟန်မတူပါ။
ထို့ကြောင့် အခန်းထဲဝင်လာတော့
သူ့မန်နေဂျာကဦးစီးပြီးသန့်ရှင်းရေဝန်ထမ်းမိန်းကလေး
တစ်ယောက်နဲ့ အိပ်ရာခင်းအဟောင်းလဲကာ အသစ်
ပြန်ခင်းနေ၏။တည်တံ့ချီထားသော မိန်းမလှလေးက
မျက်လုံးမပွင့်တပွင့်နဲ့ ရင်ခွင်ထဲကနေတည်တံ့ကိုကြည့်နေ၏။
တည်တံ့ အခုမှ ရေစိုနေတဲ့မိန်းမလှလေးကို
ဘယ်နေရာချရမှန်းမသိတော့တာကြောင့်
ဆိုဖာပေါ်ချလိုက်သည်။ထို့နောက် အိပ်ရာသန့်ရှင်းရေး
လုပ်နေသော ဝန်းထမ်းမိန်းကလေးနှစ်ယောက်ကို
မိန်းမလှလေး အဝတ်အစားလဲစေရန်အတွက်
ပြောပြီးနောက် နှစ်ယောက်စလုံးအဝတ်လဲ
ခန်းမှ အပြင်ခဏရှောင်ထွက်ပေးခဲ့သည်။

"နှလုံးသားကို နင်းချေ၍"Where stories live. Discover now