"နှလုံးသားကို နင်းချေ၍"
Part-11
"အဟင်း ဘာရယ်အပျိုဟုတ်လား။
အပျိုဆိုတဲ့ဂုဏ်သိက္ခာကို နင်အစကတည်းက
ထိန်းသိမ်းတတ်ခဲ့ရင် နင့်ဝမ်းထဲက ကိုယ်ဝန်က
ရလာစရာအကြောင်းလည်းမရှိဘူးမဟုတ်လား"ဝေမှာလည်း မိုးရဲ့စကားတွေကိုမကျေနပ်ဟန်
ဖြင့်"မိုး နင်ငါ့ကို ဒီလောက်ထိပြောစရာမလိုပါဘူး။
ငါက နင်တို့အိမ်ထောင်ရေး ပိုသာယာပါစေ
ဆိုပြီးကိုယ်စားမွေးပေးဖို့ဆုံးဖြတ်တာကလွဲ
ပြီး ဘယ်သူ့မှမနာကျင်စေချင်ဘူး။"ဝေရဲ့ နင့်မျက်နှာထားက အခုချိန်ထိမပြောင်း
လဲသေးသလိုတင်းမာစွာ အာခံနေတုန်းပါ။
ထို့ကြောင့်လည်း မိုး ဝေကိုပြန်ပြောခဲ့မိသည်။"ဟုတ်လားဝေ နင်ဒီလိုပြောဆိုနေကတည်းက
ငါ့တို့ဘဝကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင်
ဖန်တီးခဲ့တာပဲ။ဒါကထားပါတော့လေ။
နင့်အနေနဲ့ အပျိုဘဝကိုအပျက်အဆီးခံပြီး
ကိုယ်ဝန်ဆောင်ပေးရအောင်ထိ လုပ်ခဲ့တဲ့
နင့်လုပ်ရပ်က မှန်ကန်ရဲ့လားစဉ်းစားလေ
ဝေ။ပြီးတော့ မိုးဆိုတဲ့ငါ့ကိုတောင်အသိမပေးပဲ
ကိုယ်ဝန်ဆောင်ခဲ့တာကရော ဘာသဘောလဲ
ပြောစမ်းပါဝေ"မိုးရဲ့အသံက မာသွားခဲ့သည်။ထို့ကြောင့်လည်း
ဝေက မိုးပြောသလို အထိမခံပြန်ပြောလာသည်။"ငါပြောပြီးပြီပဲ။ဦးမင်းနဲ့ နင့်အိမ်ထောင်ရေး
သာယာဖို့ငါ့ဘဝကိုစတေးပေးတာလေ။"မိန်းမပျိုတစ်ယောက်က လူနှစ်ယောက်ရဲ့
အိမ်ထောင်သာယာရေးအတွက်တဲ့လား။
အပျိုဘဝကိုစတေးပြီး ကလေးမွေးပေးချင်ခဲ့တာ
ယောက်ျားတစ်ယောက်ကိုနက်ရှိုင်းတဲ့ခံစားချက်မရှိပဲနဲ့
ဘယ်လိုလုပ်ကလေးမွေးပေးမှာတဲ့လား။မိုး အတွေးတွေနဲ့ ဝေကို ပတ်ပတ်လည်စေ့စေ့
ကြည့်မိသည်။မထင်မှတ်ထားတာက မိုးတို့အိ
မ်ထောင်သာယာရေးအတွက် အပျိုဆိုတဲ့
မိနားကလေးအတွက် ကိုယ်ဝန်ဆောင်ပေးတာ
လွယ်တာမှမဟုတ်ခဲ့တာ။ဒီလိုအခြေအနေကို
ဖန်တီးခဲ့ပြီးတာတောင် မရှက်မရွံ့ပြန်ငြင်းဆန်
ချင်နေတဲ့ဝေက ဘယ်လိုမျိုးလဲဆိုတာတောင်
မိုးမဝေခွဲချင်တော့ပါ။သို့သော်လည်း မိုး ဝေကို
ပြောလက်စနဲ့ပြောခဲ့သည်။