"နှလုံးသားကို နင်းချေ၍"
Part-14
"ဖြန်း"
ဝေမှာ နာကျင်သွားသောပါးတစ်ဖက်ကို
လက်ဖဝါးလေးတစ်ဖက်နဲ့ကိုင်ကာ"မာမီ ဘာလို့ဝေကိုရိုက်ရတာလဲ"
"ရိုက်ချင်တာလေ နင့်လိုသမီးကြောင့်နဲ့
အပြောခံရတာ""မာမီ ဒီလောက်အဖြစ်သည်းနေရင်လည်း
ဝေကိုစွန့်ပစ်လိုက်ပါလား။""ဘာပြောတယ် မိဝေ အခုတော့နင်ကပြန်
ခံပြောတတ်နေပြီပေါ့လေ""ဒီလိုတွေဖြစ်ရတာလည်း မာမီကြောင့်ပဲ
လေ။ဝေကိုလာမပြောပါနဲ့။ဝေတော့မလိုက်
နိုင်ဘူး""အေး ကျန်ခဲ့တော့ဟေ့ သူများလာနှင်ချမှ
အိမ်ပေါ်တော့ပြန်လာမတက်နဲ့"ဝေရဲ့မာမီကပြန်သွားသလို ဝေကတော့
အိမ်မှာကျန်နေခဲ့သည်။ဦးမင်းလာပြောမှ
ဝေမျက်နှာစူပုတ်ပုတ်နဲ့အဝတ်တွေကောင်ထည့်
ခဲ့သည်။နောက်တစ်ရက်မိုးလာချိန်မှာတော့
ဝေနဲ့ဦးမင်းတို့ကလည်း ကားတစ်စီးနဲ့ထွက်သွားခဲ့သည်။မိုးလည်းအဲဒီအိမ်ကြီးမှာမနေချင်သေးတာကြောင့်
သော့ပိတ်ကာဟော်တယ်မှာသာနေခဲ့သည်။အဲဒီကမ်းခြေကဟော်တယ်ကဦးခန့်တည်တံ့ရဲ့
ဟော်တယ်ဖြစ်သလိုတည်းခိုသူတွေစားသောက်ဖို့
လည်း စီစဉ်ထားပေးတာဖြစ်သည်။မိုးလည်းဘွဲ့ရတစ်
ယောက်ဆိုပေမဲ့ဘာအလုပ်မှမလုပ်ခဲ့ဖူးလို့ဦးခန့်ကို
အကူအညီတောင်းကာနောက်တစ်ရက်မှာ မိုးစားသော
က်သူတွေအတွက်စားပွဲထိုးစဝင်လုပ်သည်။"မိုး"
မိုးမှာ စားသောက်ဆိုင်ရဲ့စားပွဲထိုးဝတ်စုံလေး
ဝတ်ကာ သေသပ်နေခဲ့သည်။"သြော် ဘယ်သူများလဲလို့ ဦးမင်းစစ်ဟန်ပါလား။
ဘာသုံးဆောင်မလဲရှင့်"မိုးရဲ့စားပွဲထိုးဝတ်စုံလေးကိုမြင်လိုက်တော့
မင်းစစ်ဟန် နှာခေါင်းရှုံ့သွားသလိုပုံစံဖြင့်
မိုးလက်ကိုဆွဲကာ တစ်နေရာသို့ခေါ်လာခဲ့
သည်။"မိုးရယ်ဦးမင်းကိုမနောက်စမ်းပါနဲ့။မိုးအခု
ဒီဝတ်စုံကြီးနဲ့ဘာလုပ်နေတာလဲ"
