Part-3

1.9K 39 0
                                    

"နှလုံးသားကို  နင်းချေ၍"

Part-3

မိုး တည်းခိုခန်းသူဌေးဖြစ်သူ ခန့်တည်တံ့ကို

"မေမ့ပါဘူး"

ဆိုတဲ့စကားတစ်ခွန်း လှည့်ပြောပြီး ထိုအခန်းထဲ
မှထွက်လာခဲ့တော့သည်။မိုးကားမောင်းနေရင်း
မှ နှုတ်မှ မကျေနပ်ဟန်ဖြင့်

"အဟင်း ဦးမင်း ဟိုဝေဆိုတဲ့ဟာမနဲ့ ပျော်နေလို့
ထင်ပါတယ်။ဖုန်းတောင်မဆက်လာခဲ့ဘူး"

မိုး တကယ်မသိခဲ့တာက သူ့ရဲ့ဖုန်းကို ညကတည်း
ကခန့်တည်တံ့စက်ပိတ်ထားတာကိုမသိလိုက်ခြင်းပါ။

မိုး အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲမှာ ခေါက်တုန့်
ခေါက်ပြန်လမ်းလျှောက်နေသော ဦးမင်းကိုမြင်လိုက်
ရသည်။တတ်လည်းတတ်နိုင်တဲ့လူပါ။ထို့ကြောင့်
လည်း မိုး ဦးမင်းကိုအရေးမစိုက်စွာဖြင့် လက်ပွေ့အိတ်
ကိုကိုင်ပြီး အိမ်ပေါ်တက်တော့

"မိုး မင်းဘယ်ကပြန်လာတာလဲ။မိုးတစ်ညလုံး
ပြန်မလာလို့ ဘယ်လောက်တောင်စိတ်ပူနေရလဲ
ဆိုတာ မသိဘူးလား"

ဟန်ဆောင်ကောင်းလိုက်တာ ဦးမင်းရယ်။ဖုန်းတောင်
မခေါ်ခဲ့ပဲ စိတ်ပူနေတယ်တဲ့လား။မိုး ရယ်ချင်မိသည်။
သို့သော် မရယ်ရဲသလိုမိုးအခုချိန်မှာစိတ်လိုက်မာန်ပါ
ပြောလို့မဖြစ်ပါ။အိမ်ထောင်တစ်ခုကိုလွယ်လွယ်နဲ့တည်
ဆောက်ထားခဲ့တာလည်းမဟုတ်ပါ။မိုး ဦးမင်းမေးလိုက်လို့ အိမ်ပေါ်တက်မယ့်ခြေလှမ်းရပ်တန့်သွားရကာ

"မိုးပြန်မလာတာက သူငယ်ချင်းတစ်ယောက်အိမ်မှာ
အိပ်နေလို့ပါ"

မိုး မုသားသုံးကာ ဦးမင်းကိုဖြေလိုက်သည်။အမှန်အတိုင်း
ပြောလျှင် ဦးမင်းက ငြိမ်ခံနေမှာမှမဟုတ်တာ မိုးသိနေတယ်
လေ။ဦးမင်း မိုးရဲ့မုသားစကားကို ဘယ်လိုတုန့်ပြန်မလဲ
ဆိုတာ ရပ်ပြီးနားထောင်နေမိသည်။

"သြော် သူငယ်ချင်းအိမ်မှာအိပ်ခဲ့တာလား။"

"အင်း ဟုတ်တယ်လေ ဦးမင်းက မိုးသူငယ်ချင်း
အိမ်မှာအိပ်တာမကြိုက်လို့လား။ဒါဆိုရင်လည်း
မိုးနောက်တစ်ခါမအိပ်တော့ပါဘူး။ဖုန်းကလည်း
စက်ပိတ်သွားလို့မဆက်သွယ်ခဲ့တာ"

"နှလုံးသားကို နင်းချေ၍"Where stories live. Discover now