"နှလုံးသားကို နင်းချေ၍"
Part-5
မိုးရဲ့စကားကို ဦးမင်းကခေါင်းခါရမ်းကာ
ဆွဲအိတ်ယူပြီးနောက်ထွက်သွားခဲ့သည်။
ဝေကိုလည်း ဦးမင်းကုမ္ပဏီခေါ်သွားတာ
ဖြစ်ပါလိမ့်မည်။မိုး ဦးမင်းကို ထမင်းမပို့ဘူးဟု ရွဲ့ပြောခဲ့
ပါသော်လည်း စျေးတန်းကိုတော့ လာဖြစ်
ခဲ့သည်။မိုး အရိပ်ကောင်းသောသစ်ပင်နား
မှာ ကားထိုးရပ်လိုက်ပြီး စျေးတန်းဆိုသည့်
အတိုင်း စျေးသည်များကတရုန်းရုန်းနဲ့ပေါ့။
အနံ့အသက်ကသိပ်မကောင်းသလိုခေါင်းက
မူးချင်လာတာကြောင့် မိုးနှာခေါင်း
ပိတ်ပိတ်ကာ စျေးထဲခြင်းလေးဆွဲကာသယ်လာ
ခဲ့သည်။ခြင်းထဲမှာတော့ ဘာမှမရှိသေးဗလာ
ကျင်းပေါ့။သားအမိလိုက်စျေးဝယ်သူတွေရှိ
သလို တစ်ချို့ကလည်း စျေးဝယ်သူက
ယောက်ျားလေးသာဖြစ်သည်။ရောင်းသူတွေရဲ့အသံကလည်း စုံလို့ပေါ့။
မိုး ငါးတန်းဖက်လျှောက်လာတော့ရောင်း
သူတစ်ယောက်မှ"ငါးရံ့လတ်လတ်ဆတ်ဆတ်တွေရမယ်။
တစ်ပိဿာမှ (၄၅၀၀)၊အလေးချိန်လည်း
ပြည့်တယ်"ဆိုသော အော်သံတွေနဲ့ တစ်ချို့ငါးသလောက်
အသေးတွေရောင်းသူတွေကလည်း"ငါးသလောက်တွေရမယ်နော်။တစ်ထုပ်မှ
တစ်ထောင်တည်း။၃ပုံးရတယ်နော်။
စျေးလည်းမများဘူး။စျေးချိုတယ်"မိုးလျှောက်ကြည့်မိတော့
"ညီမလေး ငါးဝယ်မလား။ငါးသလောက်၊
ငါးဖယ်၊ငါးရံ့၊ငါးခူ အစုံရတယ်နော်။
လတ်ဆတ်နေတုန်း။စျေးလည်းမကြီး
ဘူး။အတော်အသင့်ပဲ"မိုး လက်နဲ့မယူဘူးဟုလုပ်ပြတော့
"မယူရင်လည်းပါးစပ်နဲ့ပြောပေါ့အေ။စျေး
တန်းကိုလာပြီး အမြင်မကောင်းအောင်လုပ်နေတယ်"ထိုစျေးသည်စကားကြောင့် မိုးဘာမှမပြောမိ။
မိုးစျေးကိုလာတာပုစွန်ဝယ်ခြင်လို့သာ။
အခုတော့ထိုရောင်းသူကြောင့်မိုးစိတ်ထဲတင်းသွား
ရသည်။သို့သော်လိုချင်တာမရလျှင်လည်း
မိုးက စိတ်မကျေနပ်တတ်၍ ပုစွန်တွေ့လိုတွေ့ငြား
ရှာနေမိသည်။မိုး နောက်ဆုံးတော့ပုစွန်ရောင်း
နေသော စျေးသည်ကိုမြင်လိုက်ရသည်။
ပုစွန်ကလတ်ဆတ်သလို ငါးစျေးတန်း
ထဲကအနံ့က ပိုဆိုးလာလို့ မိုးစျေးမမေးတော့ပဲ
(၁)ပိဿာချိန်ခိုင်းခဲ့သည်။ထို့နောက်မိုး
ဟင်းသီးဟင်းရွက် ရောင်းတဲ့နေရာသို့
လျှောက်လာခဲ့သည်။