"နှလုံးသားကို နင်းချေ၍"
Part-15
"ဒိုင်း ဒိုင်း"
"ဒိုင်း"
မိုးမှာ ထိသွားပြီလားဆိုသောအတွေးနဲ့အတူ
မျက်လုံးလေးမှိတ်ကာ"အား"
ဆိုသောမြည်သံက ထွက်ပေါ်လာခဲ့သည်။
ဝေ တစ်ယောက် မိုးကို သေနတ်ပစ်ဖို့ မောင်းခလုတ်နိပ်ဖို့အလုပ်မှာဝေထက်မြန်ဆန်စွာ
ရောက်လာတဲ့ သေနတ်မြည်သံနှစ်ချက်ကြောင့်
လန့်သွားရကာ အနောက်ကိုလှည့်ကြည့်မိတော့
မာမီကိုတွေ့လိုက်ရသည်။"သမီးလေး"
ဝေမှာသေနတ်ကိုပစ်ချကာ မာမီဆီသို့သွားခဲ့သည်။
"ဟင် မာမီ"
"သမီးလေးရယ် ဒီထက်ထပ်မမိုက်ပါနဲ့တော့နော်။
ဒီဆေးက အနာပျောက်ဆေး သောက်လိုက်နော်သမီး"ဒေါ်စန်းမှာသမီးလေးကိုဖက်ကာ ခေါင်းလေးကို
ပွတ်သပ်ရင်းပြောနေမိသည်။"ဟင့် ဟင့် မာမီရယ် အားလုံးက မိုး သူ့ကြောင့်
ဖြစ်ရတာ အီး ဟီး ဟီး"ဝေမှာ အခုမှ တွယ်တာရသောမိခင်ကိုရင်ဖွင့်ကာ
ရှိုက်ငိုနေမိသည်။ခဏအကြာ ဝေဟာ ငိုက်မြည်း
လာကာ မာမီရင်ခွင်ထက်မှာအိပ်ပျော်သွားခဲ့တော့
သည်။မိုးမှာတော့ သေများသေသွားပြီလားဆိုသော
အတွေးနဲ့မျက်လုံးမှိတ်ကာ တုန်နေခဲ့တော့သည်။"မမ ဘယ်နားနာသွားသေးလဲ"
"ဟင် "
မိုးမှာ သေရတော့မယ်အထင်နဲ့ မျက်လုံးမှိတ်ကာ
"အား"လို့အော်လိုက်မိတာမဟုတ်လား။အခုတော့
မိုး အနားကပ်လာတဲ့တစ်ယောက်ယောက်ရဲ့
မေးလိုက်တဲ့အသံနဲ့အတူ ထိုင်ခုံကိုပြန်ဆွဲထောင်ကာ
မိုးရဲ့လက်နဲ့ခြေကိုတုတ်ထားတဲ့ကြိုးကိုဖြည်နေသည်။"မောင်လေးလားဟင်။"
မိုးရဲ့အသံက မောင်ဖြစ်သူကိုစွပ်စွဲထားမိလို့
နာကျင်နေခဲ့သလို ရုတ်တရက်အသံကြား
လိုက်ရတော့ ဝမ်းသာသွားရသည်။"ဟုတ် မောင်လေးပါ မမရယ်။မမအခုဘာမှ
မကြောက်ပါနဲ့နော်"ထိုအခါ မမဆီကငိုရှိုက်သံနဲ့အတူ