"နှလုံးသားကို နင်းချေ၍"
Part-8
"တောက် မိုးစက်ရာ နင်ကဦးမင်းရဲ့ရင်ခွင်မှာ
နေရမှာနောက်ဆုံးညဖြစ်မှာပါ။ဘာလို့ဆို
ဝေဆိုတဲ့ဦးမင်းနဲ့ငါက...."ဝေက ထိုသို့သာပြောကာ နောက်ဆက်တွဲ
စကားကိုမပြောပဲမိုးတို့ထက်ဦးစွာ
အိမ်ထဲဝင်သွားခဲ့သည်။မိုးမှာ ကိုယ်ဝန်ရှိနေလို့ဦးမင်းက ထမင်း
ဟင်းလာမပို့ခိုင်းခဲ့ပေ။မိုးအတွက် အိမ်ဖော်
ရှာပေးမယ်ဆိုတော့လည်း မိုးကလက်မခံခဲ့
တာကြောင့်ဦးမင်းကလက်လျော့ခဲ့သည်။မိုးမှာကိုယ်ဝန်ရှိနေတာကိုလည်း ဝေကိုပေးမသိသေး
သလို ဦးမင်းကိုလည်းမပြောခိုင်းခဲ့သေးပါ။နံနက်စာအတွက်တောင် ဦးမင်းက လုပ်သွား
ပေးခဲ့သည်။မိုးမှာ ဦးမင်းရဲ့ဂရုစိုက်မှုကြောင့်
ကြည်နူးမိသည်။နေ့လယ်စာအတွက်ကိုတော့
မိုး စျေးသွားကာ မချက်စားတော့ပဲ အပြင်မှာ
ပဲစားမလို့ဆုံးဖြတ်ထားခဲ့သည်။မိုးကိုယ်ဝန်လနုစမှာပင် လမ်းလျှောက်ရန်
ကစားကွင်းနဲ့ကပ်လျှက်ရှိသောပန်းခြံဆီသို့
ကားကိုမောင်းလာခဲ့သည်။မိုး ဝမ်းဗိုက်လေးအတွက် သာယာလှတဲ့ ပန်း
ခြံလေးထဲမှာ ကားကိုရပ်ကာ ကစားကွင်းအနီး
ရှူခင်းရှိတဲ့ လမ်းလေးပေါ်သို့ လေညင်းခံလမ်း
လျှောက်ရင်းတစ်နေရာအရောက်"ဖွားဖွား ဟိုမှာရေခဲချောင်းဝယ်ကျွေး"
"မြေးလေးရယ်။မြေးလေးက ချောင်း
အမြဲဆိုးတတ်တာ မစားနဲ့တော့နော်""မရဘူး ဖွားဖွားဝယ်ကျွေး"
မြေးဖြစ်သူက ရေခဲချောင်းစားချင်လွန်း
အားကြီးကာ ရေခဲသည်ဆီသို့ပြေးသွား
တော့သည်။"မြေးလေး မပြေးနဲ့လေ။ဖွားဖွားလိုက်လို့မမှီဘူး။
ဖွားဖွားမောတယ်။စားမရပါဘူးဆို ပြောလည်း
မရပါလားမြေးလေးရယ်။"မိုးထိုမြင်ကွင်းကိုမိုး မြင်လိုက်ရတာ မာမီနဲ့
ဒယ်ဒီတို့ကိုပါသတိရလိုက်မိသည်။
မိုးသာရင်သွေးလေးမွေးလာရင်
မာမီတို့လည်း မြေးဖြစ်သူနဲ့ဒီလို
အဖြစ်အပျက်ကိုမြင်မိမှာမလွှဲပါ။
မိုး မာမီတို့ကိုသတိရတာနဲ့အမျှ
တစ်ယောက်သောသူကိုမျက်စိထဲ
မြင်ယောင်လာကာ လက်သီးလေးကို
ဆုပ်လျှက်