Episode -1
2017-2018 ပညာသင်နှစ်။
အဲ့နှစ်မှာစခဲ့တဲ့ ကြိုးတွေ ဖြတ်တောက်ဖို့ရာ ခဲယဥ်းခဲ့တဲ့ကြိုးတွေ။
ခြေလှမ်းသံ ခပ်ပါးပါးကြားရတာနဲ့သူလာလို့ ရုတ်တရက်လှည့်ကြည့်မိတယ်။ သူမဟုတ်ဘူးပဲ။ သူ သူမနားမှာမရှိတော့ဘူးဆိုတဲ့အတွေးနဲ့ စိတ်ဟာမလုံခြုံခဲ့တာအတော်ကြာခဲ့ပါပြီ။Flash Back To 2017......🍃
''အဲ့တာသုခွန်းစစ်မဟုတ်လား''
ရာဇ် ကျောင်းထဲခြေချလိုက်တာနဲ့ ကြားရတဲ့ အသံတွေက နေသူ့နာမည်ကပ်ပါလာသည်။ ထိုအသံတွေကိုဂရုမစိုက်မိသလို ဘယ်သူမှဂရုမစိုက်ပဲနေလာတာမွေးကတည်းက...။ဒါကြောင့် တစ်ခါတရံတိုးဝင်လာတဲ့ ထိုအသံတွေက ရာဇ်အတွက် အနည်းငယ်စိတ်အနှောက်ယှက်ဖြစ်စရာပင်။
''ဧကရာဇ်နွယ် လာပြီလား''
''အင်း နှင်းငွေ့ဖြူ''
''နှင်းငွေ့ဖြူကျ နှုတ်ဆက်ပြီး ငါ့ကျတော့နှုတ်မဆက်ဘူးပေါ့''
အလိုမကျသလို ထွက်ပေါ်လာတဲ့ မိုးငွေ့ဖြူစကားကို အပြုံးနှင့်သာ တုံ့ပြန်လိုက်သည်။
တကယ်ဆို ဒီအမွှာနှစ်ကောင်ရှေ့မှာ သူမအကျင့်စရိုက်အမှန်ကို ထုတ်ပြတတ်ပေမယ့် ကျောင်းဖွင့်စမို့ အကြိမ်တစ်ရာမက တွေ့ခဲ့သည့် ကျောင်းပတ်ဝန်းကျင်က စိမ်းသက်နေသည်ကအမှန်။''လာ...ဒီမှာ ထိုင်''
မိုးငွေ့ဖြူပုတ်ပြတဲ့နေရာကိုကြည့်လိုက်တော့ သူ့ဘေးနားဖြစ်သောကြောင့် နှင်းငွေ့ဖြူဘေးဘက်က နေရာကို ကွေ့ဝိုက်ထိုင်လိုက်သည်။
''ဘာလို့ငါ့အနားမှာမထိုင်တာလဲ''
''နင်ကစကားများလို့လေ''
ထပ်ပြီးအလိုမကျစွာထွက်ပေါ်လာတဲ့ မိုးငွေ့စကားကို အေးဆေးသက်သာစွာဖြေလိုက်တော့ မဲမှောင်သွားသည့် မိုးငွေ့မျက်နှာနှင့်အတူ နှင်းငွေ့၏ ရယ်သံခိုးခိုးခစ်ခစ်ကိုကြားရသည်။
''ငါက စတာပါ
အဲ့ဘက်နားက အရမ်းလင်းလို့''ရာဇ် တို့က အမြဲတမ်းနောက်ဆုံးအတန်းမှာ ထိုင်နေကြပင်။သူမကလည်း အမှောင်ဆုံးနေရာမှ ရွေးထိုင်သည်။
ဒါကိုသိပြီးသားဖြစ်တဲ့ မိုးငွေ့က မျက်နှာလေးတင်းနေရာမှ အနည်းငယ်လျော့သွားတော့ သူ့ပခုံးကို နှင်းငွေ့အား ကျော်ပြီးခပ်ဖွဖွပုတ်လိုက်သည်။
YOU ARE READING
အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃
Romanceဆယ်ကျော်သက်ရဲ့ရေသောက်မြစ်အစပြုရာ အချိန်ကာလကြာညောင်းသည်အထိ။