Episode -9
''ဝါး သူက cheerleaderလား
မိုက်ပြီကွာ ဒီနှစ်တော့...''''လှတယ်နော်...မိန်းကလေးချင်းတောင် ငေးယူရတယ်''
ယောင်္ကျားလေး မိန်းကလေးချီးကျူးသံများသည် ဆရာကြီးနောက်မှာရှိနေတဲ့ မိန်းကလေးကိုရည်ညွှန်းကာပြောဆိုနေကြခြင်းဖြစ်သည်။
ထို့ပြင်ကျောင်းအုပ်ဆရာကြီး မိန့်ခွန်းပြောတဲ့အသံကို ထိုတီးတိုးတီးတိုးအသံတွေက ဖုံးလွှမ်းထားသည်။
ဆရာကြီးက ကလေးတွေကို ပြုံးကြည့်ပြီး စကားကိုဆက်သည်။''ဘောလုံးပွဲကို ဒီဇင်ဘာမှလုပ်မယ်လို့ ရွှေ့ထားတယ်
ဒါကိုလာပူဆာကြတယ်...
ဆရာကြီးကတော့ မင်းတို့ကို သနားလို့ basketball လုပ်ပေးမယ်လို့စဥ်းစားထားတယ်
သတင်းတွေရောကြားပြီကြရဲ့လား...''''ဟုတ် ကြားပါတယ်''
အုပ်အုပ်နက်နက်အသံကြီးက ပျော်ရွှင်နေသည့်အသံတွေ
အပြည့်နှစ်မို့ ဆရာ၊ဆရာမတွေကပြုံးကြည့်နေကြသည်။''ပါဝင်ချင်တဲ့ ကျောင်းသားတွေက ဒီက အားကစားဆရာကို စာရင်းပေးထား...
အကအတွက်မိန်းကလေးတွေက ဒီကသမီးကို စာရင်းပေးထား
သင့်တော်သလိုလုပ်ပေးကြလိမ့်မယ်...''ကျောင်းအုပ်ဆရာကြီးက သူတို့မြင်ဖူးနေကြ အားကစားဆရာနှင့် ရွှေရေးနွယ်ကို ညွှန်းပြကာ ပြောသည်။
''တစ်ခုတော့ရှိတယ်
ပွဲလုပ်နေစဥ်အတွင်း ရန်မဖြစ်ရဘူး
ရန်ဖြစ်တာနဲ့ဆရာတို့က ပွဲကိုလုံးဝရှေ့ဆက်တော့မှာမဟုတ်ဘူး
နောက် ဆယ်တန်းက ကျောင်းသားတွေပါလို့မရဘူး''''ဟား..''
ဆယ်တန်းမှအကိုကြီးတွေအသံက စိတ်ပျက်စွာထွက်လာသည််။
''ကိုးတန်းတွေကိုလည်းပြောထားမယ်နော်
ဒီနှစ်အချိန်ရှိတုန်းပျော်ထားကြ
နောက်နှစ်ပျော်ရမယ်မထင်နဲ့''ဆရာကြီးက မိန့်ခွန်းပြောပြီး ဆင်းသွားသည်။
ဆယ်တန်းဆိုတာ ဘယ်လောက်အရေးကြီးလဲခွန်းစစ်မသိပါ။
ဘဝကိုဆုံးဖြတ်ပေးတာ ဘာညာပြောနေကြပေမယ့် မြန်မာနိုင်ငံက ပညာရေးသည် နိုင်ငံတကာအဆင့်အတန်းမမီတာကိုသိထားသည်။
VOCÊ ESTÁ LENDO
အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃
Romanceဆယ်ကျော်သက်ရဲ့ရေသောက်မြစ်အစပြုရာ အချိန်ကာလကြာညောင်းသည်အထိ။