အပြစ်ဒဏ်

1.4K 72 25
                                    

Episode -7

တိတ်ဆိတ်နေတဲ့ ရုံးခန်းထဲ ကျောင်းအုပ်ဆရာကြီးက
အဘိုးကိုကြည့်ပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်။

''အဟမ်း ဒီက ဦးဘုန်းနေလက ဘယ်သူ့အတွက်လာပေးတာလဲခင်ဗျ''

အဘိုးသည် ကိုင်ထားတဲ့ လက်ကိုင်တုတ်ကို ဦးလေးမြတ်အား ပေးလိုက်ပြီး ကျောင်းအုပ်ဆရာကြီးအားတစ်ခုခုပြောဖို့ရန်အားယူနေသည်။

အဘိုးက မာမီနဲ့မျက်နှာချင်းဆိုင် အနေအထားမှာဖြစ်ပြီး ရာဇ်ရှေ့မှာက ဒေါ်ကဗျာနွယ် ဖြစ်သည်။
ရွှေရေးနွယ်ကတော့ ယောင်ကိုင်းနေတဲ့ နှာခေါင်းနဲ့ သူ့အမေနားခပ်ကုတ်ကုတ်ထိုင်နေသည်။

ရာဇ်ကို အားရပါးရပြုံးပြနေသော ဒေါ်ကဗျာနွယ်သည်
အဘိုးရှေ့မှာမို့လို့ဟန်ဆောင်နေတာလား မသိသော်လည်း ကျောင်းအုပ်ကြီးကတော့ မျက်လုံးပြူးကြည့်နေသည်။

''နှစ်ယောက်စလုံးက ကျုပ်မြေးမတွေပဲ
ခုလာတာ သူတို့အချင်းချင်းကျေနပ်ရင် ဒီကိစ္စကို ဒီနေရာမှာပြီးသွားဖို့...
နောက် ဒီလိုအလုပ်ရှုပ်စေခဲ့တဲ့အတွက် မောင်ရင် တို့ကိုတောင်းပန်တယ်
ကျုပ်မြေးမနှစ်ယောက်ကို မောင်ရင်တို့အစား ကျုပ်ကောင်းကောင်းဆုံးမလိုက်မယ်''

အမိန့်သံပါနေသော အဘိုးစကားတွေက ကျောင်းအုပ်ကြီးကို ခွင့်တောင်းနေတာမဟုတ်ပဲ ဒီလိုလုပ်ရမယ်ဟု ပြောနေသယောင်....။
မာမီကတော့ အားနာနာနှင့် ကျောင်းအုပ်ကြီးကိုကြည့်နေသည်။

ရာဇ်တို့အတန်းပိုင်ဆရာမကတော့ မခေသူပီပီ အဘိုးစကားကို သဘောမကျသည့်ပုံစံပြနေ၏။

''အဲ့လိုလုပ်လို့ ကျွန်တော်တို့ဘက်ကအဆင်ပြေပါတယ်ဗျ
ဒါပေမယ့် ကျောင်းသားတွေ နောက်ထပ်ဒီလိုရန်မဖြစ်အောင် ကျွန်တော်တို့ဘက်ကပဲ ဆုံးမ...''

''နေဦး...''

''ဗျာ''

အဘိုးက ဆရာကြီးစကားကို လက်ကာ ကာဖြတ်ပြောလိုက်တော့ ရာဇ်စိတ်ညစ်သွားသည်။
အဘိုး၏ အကျင့်ကိုသိသူပီပီ အဘိုးဘာပြောတော့မလဲဆိုတာ ရာဇ်သိသလို ရွှေရေးနွယ် လည်းသိကာ ခေါင်းထောင်လာသည်။

အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃Onde histórias criam vida. Descubra agora