လက်သီးတစ်ချက်နှင့်သူ၏နွေးထွေးမှူ

1.2K 70 0
                                    

သုခွန်းစစ်တစ်ယောက်နှင့် လုံလည်ချာလည်လိုက်ရင်းမနက်ဖြန်ဆို မြန်မာစာ စဖြေရတော့မှာပင်။
ထို့ကြောင့် Jayrel Vim သည်အားရင်အားသလို ရာဇ်တို့အခန်းဘက်ကူးလာကာ စာအုပ်ငှားသည်ကတစ်မျိုး၊ စာမေးသည်က တစ်သွယ်နှင့်ခြေရှုပ်နေသည်။

သူက စည်းမရှိကမ်းမရှိ သူ့အခန်းလိုလိုနှင့်ကြိုက်သလို ဝင်ထွက်နေသည်ကြောင့် ရာဇ်တို့အခန်းထဲမှ မိန်းကလေးတွေသည် ကြိတ်ကြိတ်ဖြစ်လာသည်။
မကြိုက်၍မဟုတ် ကြိုက်ကျလွန်း၍ပါ...။

မလာနဲ့ ပြောလည်းမရ ။ ဆရာမအားတာနှင့် သူရောက်လာသည်။
သုခွန်းစစ်ရောက်လာသည်နှင့် ရွှေရေးနွယ်ကလည်း ရာဇ်တို့အတန်းဘက် ရောက်လာတတ်သည်မို့ မျက်စိရှုပ်နားရှုပ်ဖြစ်နေရတော့သည်။

''ငါ့မှာ အဲ့လိုစာအုပ်မျိုးမရှိဘူး''

အဆိုတင်းသွင်းသည့် စာအုပ်ခပ်ပါးပါးလေးကို လာငှားနေသည်မို့ အမြင်ကပ်ကပ်နှင့်ငြင်းလွှတ်လိုက်ပါသည်။

''နွယ့်မှာ ရှိတယ် ယူမလား ''

ဘေးက ထပြောသည့် ရွှေရေးနွယ်ကြောင့် ဧကရာဇ် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
ဒီလောက်ကူညီချင်တဲ့သူတွေများနေတာကို ရာဇ်ဆီကပဲ ဟန်လုပ်ပြီးလာ လာငှားနေတာ။

''မင်းရှိမှာ ရှိတယ်မို့လား
မြန်မာစာ ဆရာမက မင်းရေးတာတော်လို့ငါတို့အခန်းမှာချီးကျူးနေတာ....ပြီးတော့
အားရင် မင်းဆီကယူဖတ်တဲ့''

ရွှေရေးနွယ် စကားကို အဖတ်မလုပ်ပဲ ရာဇ်ဆီက စာအုပ်ကို ဆရာမ ခုတုံးလုပ်ကာ တောင်းနေသည်မို့ ရာဇ်မှာ အခက်တွေ့ရတော့သည်။
ရုပ်ကလည်း မပေးရင် ဆရာမအားသွားတိုင်ကာ အတင်းငှားမည့်ရုပ်မျိုးပင်။
ကံကြမ္မာသည် ဒီလိုကောင်ဆိုးနှင်​့တစ်တန်းထဲချပေးတာ ရာဇ်ကို အတော်မုန်းနေလို့ဖြစ်လိမ့်မည်။

''ငါ့မှာ တကူးတက ဝယ်ဖတ်တဲ့စာအုပ်တော့မရှိဘူး
ဆရာမပြောတဲ့ စာအုပ်က ဒါကိုပြောတာ....''

စာသုံးပုဒ်လောက်သာ စ ရေးထားသည့် အသစ်ကျပ်ချွတ်စာအုပ်လေးကို ထုတ်ပေးလိုက်ရ၏။
သကောင့်သားကတော့ အေးဆေးယူပြီး ဘယ်သူမှ စကားမပြောပဲ ထွက်သွားတာ စမတ်တကျ။

အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃Where stories live. Discover now