စာ

1.3K 83 18
                                    

Episode-8

ရာဇ်အရေပြားပေါ်က နာကျင်မှုသည် ကားထဲကအဲကွန်းကြောင့်ပိုအေးလာသည်။
ညနေခြောက်နာရီလောက်ရှိသေးတာကြောင့် လမ်းမထက်က လူတွေ လှုပ်လှုပ်ရှားရှားသွားလာနေကြသည်။

ရာဇ်အိမ်ဆီ ပြန်ရောက်သည်အထိ မျက်လုံးထဲမြင်လာသမျှတွေကို ဒီအတိုင်းလိုက်ငေးကြည့်လိုက်သည်။

အိမ်ကိုရောက်​တော့ လူမြင်မှားစိုး၍ ဦးလေးမြတ်ကို အိမ်ထဲထိမခေါ်တော့ပဲ အပေါက်ဝကပင် အားနာနာနဲ့ပြန်လွှတ်လိုက်သည်။

စံအိမ်ဘက်က မီး​တောင်လင်းနေသည်။
ရာဇ်အိမ်ထဲကလည်း မီးလင်းနေတာမို့ မာမီရောက်နေတာမှန်းကြိုသိလိုက်သည်။

မာမီရှေ့ ဘာမှမဖြစ်သလို လျှောက်ရမယ့်ခြေထောက်ကို တရွတ်တိုက်ဆွဲလာလိုက်သည်။
သွေးအေးကာမှ ပိုနာလာတာသောခြေထောက်ကြောင့် တံခါးကိုအမှီပြု၍ ကိုင်လိုက်မိသည်။

''တီ..တီ..တီ..တီ''

code နံပါတ်တွေကို ရိုက်ဖွင့်လိုက်​တော့ အခန်းထဲ ကျောပေးရပ်နေသော မာမီကိုဦးဆုံးတွေ့လိုက်သည်။

''ပြန်လာပြီလား''

''ဟုတ် မာမီ''

မာမီအမေးကို ဖြေပြီး ဆိုဖာ​ပေါ်အချိုးရာမထိအောင် ဂရုတစိုက်ထိုင်လိုက်သည်။

''လှဲလိုက်...''

တစ်ခုခုကို ကြိုသိပြီးသော မာမီက ဆေးဗူးကိုအသင့်ကိုင်ကာ ရာဇ်ကို ဆေးလိမ်းပေးဖို့စောင့်နေတာပင်။
အဘိုးရိုက်တိုင်း ကောင်းသည်၊ ဆိုးသည် မပြောပဲ ဆေးဗူးကိုင်ကာ စောင့်နေတတ်သူက ရာဇ်မာမီပင်။

ခုလည်းမာမီ့အလိုကျ ဝမ်းလျားမှောက်လိုက်​တော့ မာမီ့လက်သွယ်သွယ်တွေက ရာဇ်ပေါင်နှင့်ခြေသလုံးတွေဆီ
ပွတ်သပ်ကာ ဆေးလိမ်းပေးလာသည်။
မာမီက ညင်ညင်သာသာလိမ်းပေးနေပေမယ့် တစ်ချက်တစ်ချက် ရာဇ် လွန့်သွားတတ်သည်။

''ရပြီ''

မာမီက ပြောပြီး ဆေးဗူးကိုသေချာသိမ်းကာ မီးဖိုးခန်းထဲဝင်သွားသည်။
သိပ်မကြာပါဘူး အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲပြုတ်နှင့်ပြန်လာသည်။

အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃Where stories live. Discover now