Episode -10
''ဝါး
လူတွေတကယ်များတာပဲနော်''ကားပေါ်က ဆင်းလာချင်းရာဇ်ရဲ့စကားကြောင့်ခွန်းစစ်က
ဘေးတိုက်ရပ်နေတဲ့ရာဇ်ကိုငုံ့ကြည့်သည်။
အတော်လေး ကွာဟတဲ့ သူတို့နှစ်ယောက်အရပ်ကြောင့်စကားပြောတဲ့အခါသိပ်အဆင်မပြေ...။ပုံမှန်ထက် ချောမောနေသယောက်ထင်ရသော သူ့အနားသို့လည်း ကပ်မပြောချင်...။
မျက်လုံးဝါတွေက ရာဇ်ကို စူးစိုက်ကြည့်တဲ့အခါ ကြက်သီးထဖို့ကောင်းအောင်လှသည်။သူကချောမောနေသလောက် ကိုယ့်ကိုကို ငုံ့ကြည့်တော့ မဆိုးလှပေမယ့် သုခွန်းစစ်နှင့်ယှဥ်သွားရင် သူ့ထည်ဝါမှုက ရာဇ်ကိုဖုံးသွားလိမ့်မည်။
အတွေးနှင့် ဘေးနား ခွာကာ တစ်ဖက်သွားရပ်တေ့ ဘောင်းဘီအိတ်ထဲလက်ထည့်ကာစတိုင်ကျနေတဲ့ ခွန်းစစ်က ငဲ့ကြည့်လာပြန်သည်။
ဒါ့အပြင် ပွဲထဲရှိသမျှမိန်းကလေးတွေအခြေအနေကိုလည်း မျက်ဝန်းလေးလှုပ်ရှားကာအကဲခတ်လိုက်သည်။
အနီရောင်နှင့်ရာဇ်သည်မြင်နေရသောမိန်းကလေးတွေနှင့်ယှဥ်ရင်
အရောက်တောက်နေလို့သာတော်တော့သည်။မဟုတ်ရင် လည်ပင်းကနေခြေဖဝါးထိလုံအောင်ဝတ်ထားသောရာဇ်သည် တစ်ခါမှ ပါတီပွဲမရောက်ဖူးသူအလား...။
ပါတီက အထက်တန်းတန်းဆန်ဆန်ရိုးရှင်းလှပနေသည်။ တတ်ရောက်လာသော မိန်းမပျိုလေးတွေကလည်း မျက်စိမလွှဲချင်လောက်အောင် လှကြသည်။
ဒီပွဲမှာ ရာဇ်ရဲ့သူငယ်ချင်းတွေ အများကြီးလည်း တတ်ရောက်ကြမည်လို့မာမီကဆိုသည်။
မာမီပြောသလို အများကြီမတွေ့မိသေးပေမယ့် ရာဇ်တို့အခန်းထဲက မျက်မှန်းတန်းမိလောက်တဲ့ နှစ်ယောက်သုံးယောက်ကိုတွေ့ရသည်။''ငါ ဟိုကိုသွားမလို့ ဒယ်ဒီတို့နဲ့ကျမှလိုက်ခဲ့''
ခွန်းစစ်က စားပွဲဝိုင်းတစ်ခုဘက်ကိုမေးငေါ့ပြပြီး ဆိုသည်။
ရာဇ်ကြည့်လိုက်တော့ သင်္ခါမင်းမောင် နှင့် ဇော်ထက်သွင် ကိုတွေ့သည်။ ဟိုကလည်းအိန္ဒြေမရ လက်လှမ်းပြကာခေါ်နေသည်။
YOU ARE READING
အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃
Romanceဆယ်ကျော်သက်ရဲ့ရေသောက်မြစ်အစပြုရာ အချိန်ကာလကြာညောင်းသည်အထိ။