real brother

2.1K 89 15
                                    

Episode -17

''အကြောင်းပြချက်မရှိ ကျေးဇူးတင်ပါတယ်
တကယ်​တော့ အကြောင်းပြချက်ရှိတယ်
အဲ့တာကိုပြောပြနိုင်မယ့်တနေ့ နင်ဒါကိုမှတ်ထားရမယ်
ငါ့ရဲ့ အကြောင်းမဲ့သက်သက်ကျေးဇူးတင်ချင်လို့လေ''

''...''

ရာဇ်ကို နားမလည်သလို ငေးကြည့်နေတဲ့ သူ့ကို ထပ်မံရှင်းပြဖို့ရန်မရှိတော့တာမို့ အပြုံးရေးရေးမျှသာ ပြုံးပြပြီး သူ့ကိုကျောပေးကာ ကားလမ်းဘေး ပလက်ဖောင်းပေါ်က လူသွားလူလာတွေကိုငေးကြည့်နေခဲ့သည်။

အချိန်အတော်ကြာသည့်အထိ ရာဇ်နောက်ကျောပြင်ကိုငေးကြည့်နေတဲ့ လူရှိတာခံစားမိသည်။
ရာဇ်ပြောလိုက်သော စကားသည် ထိုမျှနားလည်ရခက်နေလားဟု ပြန်စမ်းစစ်သော်လည်း ရာဇ့်အတွက်သာမန်စကားလုံးတွေသာဖြစ်သည်။

''ကျေးဇူးတင်တယ်''တဲ့...

ရာဇ်ဘဝမှာ လူတွေကိုကျေးဇူးတင်ပြီးနေထိုင်ခဲ့တာမဟုတ်သော်လည်း မထူးမခြားနားဘဝ၌နေထိုင်ခဲ့သူမို့ ကျေးဇူးတင်စကားပြောရတာ ထင်သလောက်မခက်ဘူးဟုထင်သည်။

တွေးရင်းငေးရင်းနဲ့ မာမီဆိုင်သို့ရောက်ရှိလာသည်။
လူစည်ကားသော မြို့လယ်ခေါင်၌ရှိသော TawWin ဆိုသော မာမီ့ဆိုင်က အကျယ်ကြီးဖြစ်သည်။

နှစ်နှစ်လောက်သာ သက်တမ်းရှိသော ဆိုင်ကို ရာဇ်တစ်ခါမှကျကျနနမရောက်ဖူး။ ရာဇ်မသိသော VIPခန်းတွေကလည်းအများကြီးရှိသလို ၊ဘိုကင်ချိတ်ပြီးမှစားရသော Limitedအခန်းငါးခန်းလောက်လည်းရှိသည်။

ဒီတိုင်းဝင်သွားလိုက်တာနဲ့ ဆယ်ငါးခုခန့်လောက်ရှိတဲ့ စားပွဲဝိုင်းတွေမှာ လူနည်းနည်းကျနေသည်။

မာမီ့ဆိုင်က မြန်မာဟင်းလျာတွေအပြင် အနောက်တိုင်းအစားအစာပါရတော့ နက်နံစာစားချိန်၊ နေ့လည်စာ စားချိန်တွေမှာလူပြည့်နေတတ်သည်။

ညနေချိန်ကျရင်တော့ dinner partyလုပ်တတ်သူတွေ၊ မိတ်ဆုံစားပွဲကြောင့် ရောက်လာတဲ့ အထက်တန်းစားလွှာတွေနဲ့ပြည့်နေတတ်ပြန်သည်။

မာမီက ဒီလောက်ကြီးတဲ့ ရီစတော့ရက်တ်ကို အုပ်ချုပ်နေသူဖြစ်သော်လည်း သူမမှာအေးအေးဆေးဆေးရှိနေတတ်သည်။
ဒါကြောင့် ရာဇ်တို့ကိုလည်း အကူအညီပေးတတ်သည်။

အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃Where stories live. Discover now