ကြောင်မျက်လုံး(cat's eyes)

1.3K 75 0
                                    

''မင်း မင်းညီမနဲ့လာတာဆို''

''မဟုတ်ဘူး ဧကရာဇ်နွယ် နဲ့လာတာ''

အဆုံးထိ အရွဲ့တိုက်ဖို့တွေးထားဟန်တူသော ခွန်းစစ်အဖြေကြောင့် ထက်သွင်စောင်းစောင်းမဲမဲတစ်ချက်ကြည့်လိုက်သည်။

''ထားပါတော့ ဘယ်သူနဲ့ပဲလာလာ...''

''ဒါဆို ဘာလို့လာမေးနေသေးလဲ''

''သူများတွေပြောသံကြားလို့လေ
မင်းကရောဘယ်လိုဖြစ်တာလဲ အရင်ကဆို သူ့နာမည်ခေါ်တာတောင်မကြိုက်တဲ့သူက သူ့စက်ဘီးတောင်ကပ်စီးလာတယ်''

ခွန်းစစ်က သူ့အပြောကို အာရုံမထားသလို လျှာကို ပါးစောင်းထိုးကာ အခန်းပြင်ဘက် ခပ်မိုက်မိုက်ကြည့်နေတာ ကြောင့်ထက်သွင်ပါလိုက်ကြည့်လိုက်သည်။
သူ့ကိုလာကြူးနေတဲ့ကောင်မလေးတစ်သိုက်ကလွဲ၍ ဘယ်သူမှ မရှိပါ။ဒါကို ဂုဏ်ယူနေတာလား မေဘေး...။

''ဟေ့ရောင် ဘာတွေသဲကြီးမဲကြီးစိုက်ကြည့်နေတာတုန်း''

''အဲ့တစ်ယောက်မို့လား''

''ဟမ် ဘာတုန်းကွ''

ထိုမိန်းကလေးအုပ်စုရှိတဲ့ဘက် မေးငေါ့ကာ မေးလိုက်သည်မို့ထက်သွင်သာမက ဇေရှိန်မင်းကပါ လိုက်ကြည့်လာသည်။

''ငါ့မျက်လုံးကို ကြောင်မျက်လုံးနဲ့တူတယ်လို့ပြောတဲ့တစ်ယောက်''

''ခွီး...''

နှစ်ယောက်လုံး ထရယ်လိုက်တော့ခွန်းစစ်မိုက်ကြည့်က ထက်သွင်နဲ့ဇေရှိန့်ဘက်ရောက်လာသည်။
နှစ်ယောက်စလုံးမျက်နှာကိုအမြန် ပိုးသတ်ကာ မိန်ကလေးအုပ်စုကြားက ကောင်မလေးကိုသေချာစိုက်ကြည့်လိုက်သည်။
ဟုတ်ပါသည်။ ခွန်းစစ်မျက်လုံးတွေကို ကြောင်မျက်လုံးနဲ့တူတယ်လို့ပြောတဲ့တစ်ယောက်။

''ဟုတ်တယ် ဧကရာဇ်နွယ်သူငယ်ချင်းအမွှာပူးထဲက အငယ်မ နာမည်က မိုးငွေ့ဖြူတဲ့လေ''

ထိုစကားကိုထက်သွင်ကပဲ ပြောလာခြင်းဖြစ်သည်။
သူ့ကိုဘယ်လိုသိလဲမေးစရာမလိုပါ။အားတောင် အဲ့ဘက်အခန်းသွား သွားချောင်းနေသူမို့ ယောင်္ကျားလေးနာမည်တွေကအစ ဒီကောင်သိသည်။

အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃Where stories live. Discover now