Mg💛

2.9K 86 27
                                    

ရာဇ့် ကျောင်းစာသင်ခန်းထဲဝင်လာတော့ အုပ်စုလိုက်စကားပြောနေကြသည့် ရွှေရေးနွယ်တို့ကိုတွေ့သည်။

"ငါ့ first kissက သူလေ
သူ့ first kissကလည်း ငါပဲနေမှာ"

ရွှေရေးနွယ်၏ အသံသည် အားလုံးကို အားကျစေနိုင်လောက်သည့် အသံအနေအထားဖြစ်သည်။
သူမကပြောရင်း ရာဇ်ကိုမျက်ခုံးပင့်ကာ ကြည့်နေသည်။

ရာဇ်သည် ကိုယ်နဲ့မဆိုင်သလို မှတ်ယူထားတဲ့အရာတွေက ကိုယ့်ကိုပဲလာပြီးထိခိုက်နေတတ်သည်။
စိတ်ပိုင်းဆိုင်ရာအရရော ၊ ရုပ်ပိုင်းဆိုင်ရာအရရော....

သူတို့နှစ်ယောက်ရဲ့ အနမ်းအကြောင်းကိုပြောတာ ဒီနေ့တင် သုံးခါရှိပြီ။
မနက်က ရာဇ်ဝင်လာတုန်းကတစ်ခါ၊ ထမင်းစားချိန်တုန်းကတစ်ခါ၊ ခုကျောင်းဆင်းတဲ့အချိန်ထိ။

ပြောတဲ့အခါတိုင်းလည်း ရာဇ်ကိုစိုက်ကြည့်ရင်း မျက်ခုံးကိုပင့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်သည်။
သုခွန်းစစ်၏ ပထမဆုံးအနမ်းဖြစ်ရတာ အဲ့လောက်ထိ ဂုဏ်ယူစရာကောင်းနေလား။

"ဧကရာဇ်နွယ် နေရိန်းကခေါ်ခိုင်းလို့ ခေါင်းမိုးထပ်ကိုလာခဲ့ပါတဲ့"

ကျောင်းသားတစ်ယောက်က အပြေးလာပြောပြီးပြန်ထွက်သွားတော့ အတန်းထဲကလူတွေရဲ့ မျက်လုံးက ရာဇ်ဆီရောက်လာသည်။

နှင်းငွေ့ဖြူကလည်း လက်တုန်တုန် အသံတုန်တုန်နှင့် ရာဇ်နားသို့ကပ်ကာ....

''အဲ့လူမိုက်ကောင်တွေကို နင်ဘာလုပ်ထားလို့လဲ ရာဇ်''

''မလုပ်ထားဘူး ဟိုတစ်ခါ သင်္ခါမင်းမောင်ဝင်ပြောပေးပြီးတည်းက နေရိန်းနဲ့ မျက်နှာချင်းတောင် မဆိုင်ဖြစ်တော့ဘူး"

"ဒါဆို ဘာလို့နင်ကိုခေါ်တာလဲ ကြောက်ဖို့ကောင်းအောင်"

"မသိဘူး"

ရာဇ်က ခပ်သာသာပုခုံးတွန့်ပြရင်း နေရာက ထသွားလိုက်သည်။
ပုံမှန်ဆို ဘာကိစ္စနဲ့မှ သူများခေါ်တိုင်း အမိန့်ပေးတိုင်း နေရိန်းဆီသွားစရာမရှိပေမယ့် ဒီနားထိုင်နေရင် မကြားချင်တဲ့အကြောင်းတွေပဲ ဖန်တစ်ရာထပ်နေအောင် ကြားရမှာဖြစ်သည့်အတွက် အပေါ်ထပ် အင်္ကျီအိတ်ထဲလက်နှိုက်ကာ ခေါင်းမိုးပေါ်သွားဖို့ ထလာလိုက်သည်။

အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃Tempat cerita menjadi hidup. Temukan sekarang