ကြက်ဥပေါင်း

1K 74 7
                                    

Episode -11

''လာပြီလား''

''အင်း ''

လွယ်အိတ်ကို ခုံအောက်ထိုးထည့်ရင်း နှင်းငွေ့အမေးကိုဖြေလိုက်ပေမယ့် မျက်လုံးတွေက ရွှေရေးနွယ်နှင့် စကားကောင်းနေသော မိုးငွေ့ဆီရောက်နေသည်။

''တွေ့တယ်မို့လား..ခုတလော မိုးငွေ့က ရွှေရေးနွယ်နဲ့ ဓာတ်တည့်နေတာ
ညကျရင် သူတို့အိမ်လိုက်အိပ်မယ်ဆိုလားပဲ''

''သြော်...''

စံအိမ်ကို လိုက်အိပ်မယ် ဆိုသော စကားကြောင့် ရာဇ်မျက်လုံးပင့်မိသွားပေမယ့် ဘာမှတော့မပြောဖြစ်လိုက်...။

ရာဇ်လည်း ညနေကျရင် အဘိုးကထမင်းစားခေါ်ထား၍
ကျောင်းဆင်းတာနှင့်စံအိမ်တန်းသွားရမည်။

''ဒီနေ့ကန်တင်းက ကြက်ဥပေါင်းနဲ့ ဝက်သားတဲ့
လိုက်စားမှာလား
နင်ကြက်ဥပေါင်းကြိုက်တယ်မို့လား ရာဇ်''

ရှေ့က ကောင်မလေးက ဒီနေ့ကျွေးမယ့် ဟင်းလျာကို အားရပါးရပြောပြီး ရာဇ်ကိုအဖော်စပ်နေတာမို့ ရာဇ်ခေါင်းငြိမ့်ပြလိုက်သည်။

''ရာဇ် စာမေးပွဲ resultက ဒီနေ့ထွက်မယ်တဲ့''

''သြော်...''

စာမေးပွဲဖြေတုန်းက ရာဇ် အရိုက်ခံရတဲ့ရက်ထက်နည်းနည်းလေးနောက်ကျခဲ့သည်။အဲ့တုန်းကစာကောင်း ကောင်းမကြည့်ခဲ့ရ...။
စာကြိုလုပ်ထားတဲ့ရာဇ်က တချို့ဟာတွေစာမေးပွဲခန်းထဲဇဝေဇဝါဖြစ်ခဲ့ပေမယ့် ကောင်းကောင်းတော့ဖြေနိုင်ခဲ့ပါသည်။ဒါကြောင့် စိတ်လှုပ်ရှားခြင်းသိပ်မရှိပဲ နှင်းငွေ့အပြောကို သာမန်မျှသာ တုံ့ပြန်လိုက်တော့ မျက်မှန်အောက်က မျက်လုံးပြူးကြည့်လာသည့် နှင်းငွေ့ကိုမြင်ရသည်။

''စိတ်မလှုပ်ရှားဘူးလား
ပထမဆုံးလပတ်ဖြေတာကို....''

''ဟင့်အင်...ထွေးထွေးထူးထူးမတွေးမိဘူး
အဆင့်အလိုက်အခန်းပြောင်းရမှာကိုတော့သိတယ်''

''ဟင်း...နှင်းငွေ့ ဟိုဘက်အခန်းကျသွားရင်ဘယ်လိုလုပ်မလဲ''

''အဟင်း...သက်သက်မဲ့စိတ်ပူနေတာမလား
နှင်းငွေ့က အဲ့လောက်ညံ့လို့လား''

အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃Where stories live. Discover now