Episode -15
''clam clam''
ဖုန်းလာနေတဲ့အသံကြောင့် ရာဇ် စာရေးစားပွဲပေါ်က ထပြီး အမြန်ပြေးကိုင်လိုက်သည်။
''ဟယ်လို...''
''အေး....အဘိုးပါ
မနက်ဖြန်ကျရင် မြေးကို မိတ်ဆုံစားပွဲခေါ်မလို့''''ရှင်''
တစ်ခါမှ ဖုန်းမဆက်စဖူး ဆက်လာသော အဘိုးက
တစ်နေရာကိုခေါ်သွားမည်ဆိုသောကြောင့် မယုံသလိုပြန်မေးရသည်။အဘိုးတို့နဲ့ ဒီလိုသွားသွားလာလာမလုပ်တာကကြာပြီ။
''အရမ်းရေးကြီးတဲ့ပွဲမို့လို့လား အဘိုး''
''အရေးမကြီးပေမယ့် ငါ့မိသားစုတွေကိုစုံစုံလင်လင်ခေါ်သွားချင်လို့
မနက်ဖြန်ကျောင်းဆင်းတာနဲ့ စံအိမ်ကိုတန်းလာခဲ့
အဘိုး ဒီက အကုန်စီစဉ်ထားပေးမယ်''''ဟုတ်ကဲ့...အဘိုး''
''အေးအေး....ဒါဆိုဒါပဲ''
''တီ..''သူပြောချင်တာပြောပြီး ဆက်သွယ်မှုပြတ်တောက်သွားသော ဖုန်းကိုနားမှခွာကာ စာကြည့်စားပွဲပြန်ထိုင်လိုက်သည်။
အဘိုးက မိသားစုစုံစုံလင်လင်သွားမှာလို့ ပြောထားပေမယ့် မာမီမပါတာသေချာသည်။
စားပွဲခုံကို ဘော့ပင်နှင့်တတောက်တောက်လုပ်ရင်း ဟိုတွေးဒီတွေးနှင့် ရာဇ် အိပ်ချင်လာသည်။''ဟင်း''
သက်ပြင်းချရင် မနက်ဖြန် ကျောင်းဝတ်စုံကို မီးပူထိုးဖို့ စားပွဲကပြန်ထရပြန်သည်။
သုခွန်းစစ်က ရာဇ် စက်ဘီးကိုယူသွားမယ်လို့ပြောထားတာကြောင့် ရာဇ်လိုင်းကားစီးကာ ကျောင်းသွားရမည်။တကယ်တမ်းထိုသို့တွေးထားသော်လည်း ရာဇ် မှတ်တိုင်နားရောက်ခါးနီမှ ကားကထွက်သွားသဖြင့် အားကုန်သုံးကာ လိုင်းကားနောက်ပြေးလိုက်ရသည်။
ဒါပေမယ့် မမီပါ။
နောက်ဆုံး Taxiကိုငှားစီးကာ ကျောင်းလာရသည်။
ပုံမှန်ဆို ရာဇ် Taxiလုံးဝမစီးချင် ခုတော့ သုခွန်းစစ် ကောင်းမှုအကြောင်းပြုပြီး မစီးချင်သည့်အရာကို စီးလိုက်ရသည်။@@@@@@
''ခွန်း အဲ့နားကဆိုင်လေးသွားကြမယ်နော်''
YOU ARE READING
အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃
Romanceဆယ်ကျော်သက်ရဲ့ရေသောက်မြစ်အစပြုရာ အချိန်ကာလကြာညောင်းသည်အထိ။