မုန့်ဝယ်ကျွေးမယ်

1.3K 74 8
                                    

(အမှာစာ-မိသားစုဆက်နွယ်မှုပါတာမို့ ကျော်မဖတ်ကြပါရန် နောက်အပိုင်းတွေ ရှုပ်သွားမှာစိုး၍ပါ💛)

Episode-6

လေပြင်းခပ်သွဲ့သွဲ့ကို ဂရုမစိုက်ပဲ ရာဇ်နှင့်ခွန်းစစ် စက်ဘီးအားအသားကုန်နင်းလာခဲ့သည်။
အုန်းသီးမုန့်စားပြီး နှစ်ယောက်စားလုံးဗိုက်တင်းကာ က
န်ဘောင်ပေါ်၌ ထိုင်အနားယူတာ ကြာသွားသည်။
အိမ်ပြန်လာ​တော့နေစောင်းနေတာမို့ မာမီ မမျှော်ဖို့သာ ဆုတောင်းနေရသည်။

ကျောင်းက ကိစ္စကို ဘယ်လိုပြောရမှန်းလဲမသိ​တော့။ သုခွန်းစစ် ကြောင့် ကြည်နေတဲ့ စိတ်က ပြန်ပူထူလာသည်။

''ရှေ့မှာကားလာနေတာနော် ဧကရာဇ်နွယ်''

''သြော် အင်းအင်း''

ဟိုရောက်ဒီရောက်အတွေး​ကြောင့် ရှေ့က ကားလာနေသည်ကို ရာဇ် သတိမထားမိတာအမှန်ပါ။
ခွန်းစစ်အသတိပေးသံကို စိတ်မပါလက်မပါဖြေရင်း စက်ဘီးကို တစ်ဖက်အမြန်နင်းကူးလိုက်သည်။

ဟင်း....ကိုယ်လုပ်တာ ကိုယ်ခံရမှာပေါ့....။
နောက်ဆုံးစိတ်လေးကို အားတင်းကာ ဆုံးဖြတ်ချက်တစ်ခုချလိုက်မိသည်။

စင်ဘီးနင်းနေတဲ့ သူ့ကိုလှမ်းကြည့်​တော့မနာလိုဖြစ်မိသွားသည်။
ဆံပင်အညိုပျော့တို့က ထုံးစံအတိုင်း လေနှင်ရာဝဲလွင့်နေသည်။ သွက်သွက်ကလေးနင်းနေသည့် သူ့ခြေထောက်တို့က တတ်ကြွကြောင်းကိုဖော်ပြနေသည်။
တစ်ခါ တစ်ခါလေချွန်သံတိုးတိုးက ရာဇ်နားကို လာရောက်တိုးဝင်နေသည်။

အပူအပင်ကင်းနေလိုက်တာများ....။
အေးလေ....သူကမိဘမှအခေါ်မခံရတာ။
မှတ်ချက်လေးပေးပြီး စက်ဘီးကို နောက်ဆုံးကျန်ရှိနေသည့် အားလေးနှင့် တွန်းကာနင်း​တော့ သုခွန်းစစ်ကိုကျော်သွားသည်။
သူ့ကို အနိုင်ရသွားသည့် ခံစားချက်မျိုးမို့ စိတ်ထွေနေသည့်ကြားမှပြုံးမိသွားသည်။

''ဟဲ့...ဖြည်းဖြည်းနင်းနော်''

စိုးရိမ်တကြီးလှမ်းသတိပေးသံကိုကြားတော့ လက်တစ်ဖက်မြှောက်ကာ အေးဆေး ဆိုသည့်သဘောဖြင့် လှုပ်ခါပြလိုက်သည်။

အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃Onde histórias criam vida. Descubra agora