Episode -13
မျက်လုံးနှစ်လုံးပွင့်လာတာနဲ့ မနေ့ညနေက အဖြစ်ကိုတွေးမိတော့ ပြုံးမိသွားသည်။
အိပ်ထားတဲ့ အိပ်ရာကိုသိမ်းဆည်းကာ ရေချိုးခန်းထဲ ဝင်သွားပြီး သွားတိုက်နေစဥ် မှန်ထဲကြည့်လိုက်တော့ အိပ်ရေးဝထား၍ ဖောင်းအစ်နေသည့် မျက်နှာကိုတွေ့တာမို့ ရာဇ်နည်းနည်းလန့်သွားသည်။''မနေ့ညက ကောင်းကောင်းအိပ်ခဲ့တာပဲ''
ရေရွတ်ပြီး အင်္ကျီကိုချွတ်ကာ ရေချိုးဇလုံထဲဝင်စိမ်လိုက်သည်။ရေနွေးနွေးလေးထဲ ဆပ်ပြာအမြှုပ်တွေမရှိတာမို့ အဝတ်မပါတဲ့ ရာဇ်ကိုယ်လုံးပြည့်ပြည့်လေးကို ဒီတိုင်းမြင်နေရသည်။
ဘေးဖက်က showerဘူးကိုယူကာ ရေထဲအမြှုပ်ထအောင်လုပ်ပြီး အသာပြန်စိမ်ပြီး မှေးနေလိုက်သည်။
ထိုအခါ အကြောအချဥ်တွေပြေနေပြီး စာသင်ရတာလည်း တစ်နေ့လုံးပေါ့ပါးနေပါလိမ့်မည်။ရေမိုးချိုးပြီးတော့တောင် အစောကြီးရှိသေးတာမို့
မှန်တင်ခုံက သနပ်ခါးကို အေးဆေးသွေးပြီး မျက်နှာဖောင်းဖောင်းထက် နေရာတကျအကွက်ချလူးလိုက်သည်။အိပ်ထားတဲ့အရှိန်ရယ်၊ သနပ်ခါးပွတ်လူးလိုက်တဲ့အရှိန်ရယ်ကြောင့် ပါးတွေကိုပိုဖောင်းလာသလို လိမ်းနေကျ အဆီဘူးလေးကို နှူတ်ခမ်းပေါ် တစ်ချက်ဖိဆွဲလိုက်သည်။
ကျောင်းဝတ်စုံ ဝတ်ပြီး မနက်စာ စားဖို့ဒီဘက်အိမ်ကူးလာတော့ စျေးကပြန်လာသည့် ဒေါ်အေးတို့သားမိကိုတွေ့သည်။
မီးဖိုးခန်းထဲမှာတော့ မာမီအဆင်သင့်ပြင်စောင့်နေတာမို့
ရာဇ်ထမင်းစားပွဲကိုဝင်ထိုင်လိုက်သည်။''မောနင်း မာမီ''
''မောနင်း သမီး''
မာမီနှင့် ရာဇ်အပြန်အလှန်နှုတ်ဆက်ပြီး သိပ်မကြာ သုခွန်းစစ်တို့သားအဖနှစ်ယောက်စလုံးရောက်လာသည်။
''မောနင်း ကရာဇ်''
''ဘုတ်''
ရာဇ်ခေါင်းကို တစ်ချက်ပုတ်ကာ ဝင်ထိုင်လိုက်သည့် ခွန်းစစ်မျက်နှာက ရာဇ်မျက်နာနဲ့ ဆန့်ကျင်ဘက် အိပ်ရေးပျက်ထားသလို မှုန်ကုတ်နေပါသည်။
ရာဇ်ကိုတော့ ရင်းရင်းနှီးနှီးနှုတ်ဆက်တာမို့ ရာဇ်လည်းပြန်နှုတ်ဆက်လိုက်ပါသည်။
VOUS LISEZ
အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃
Roman d'amourဆယ်ကျော်သက်ရဲ့ရေသောက်မြစ်အစပြုရာ အချိန်ကာလကြာညောင်းသည်အထိ။