မူလတန်းကလေးနှင့်တူ

1.6K 57 1
                                    

အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ

Episode -2

တဖြောဖြောကြွေကျနေသည့် ရေသီးရေစက်တွေက ခွန်းစစ် ခန္ဓာပေါ် ကဆုန်ပေါက်ပြေးလွှာနေသည်။
ကိုးတန်းကျောင်းသားတစ်ယောက်၏ ခန္ဓာကိုယ်ဟာ ကျစ်လစ်ထောင်မားနေတော့ မြင်တဲ့သူသိပ်ယုံချင်မှာမဟုတ်ပေ။ သို့သော် သူသည် ကိုးတန်းကျောင်းသားတစ်ယောက်သာဖြစ်သည်။
လူပျိုဖော်ဝင်ခါစမဟုတ်သော်လည်း ကြီးထွားမှုအားကောင်းတဲ့အရွယ်မို့ ကြီးချင်တဲ့နေရာတွေကတစ်သွယ် သြရှချင်တဲ့အသံတွေကတစ်​ကြောင်း။

''ကတောက်''

ရေစီးဆင်းမှုရပ်သွားကာမှ အောက်ပိုင်းကိုတဘတ်နှင့်ပတ်ကာ အဝတ်အစားထားသည့်အခန်းဆီဝင်လိုက်သည်။
နံရံကပ်ဗီဒိုတွေက အတန်းလိုက်အစီလိုက်ယူထားသောထိုအခန်းက သူ့အတွက်ရတနာသဖွယ်မြတ်နိုးရသော အခန်းဖြစ်သည်။
ထိုအခန်းထဲမှာမှ အမျိုးအစားစုံလင်သည့် Branded တံဆိပ်တွေနှင့်စျေးကောင်းပေးဝယ်ထားရသော အင်္ကျီတွေရှိလိမ့်မည်။
သု့ခွန်းစစ်ခြေလှမ်းတွေကတော့ အစွန်းဆုံးက ကျောင်းအင်္ကျီတွေထားတဲ့ဗီဒိုဆီဦးတည်နေသည်။

ပုံစံတူတွေကြီးပဲမို့ တွေ့ရာတစ်စုံကိုကောက်ယူကာ တဘတ်အားဖြေချ၍ အေးအေးလူးလူးဝတ်လိုက်သည်။
သူ ဘယ်​တော့မှ အလျင်စလိုမလုပ်တဲ့အထဲ အဝတ်အစားဝတ်ခြင်းလည်းပါသည်။
လူတစ်ယောက်သည် ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ အဝတ်အဆင်ကို သေသေသပ်သပ် ဝတ်ဆင်ပါက ခွန်းစစ်သဘောကျသည်။
သို့သော် သူ့ဘော်ဒါထဲမှ စုန်းပြူးဖြစ်သော ဇော်ထက်သွင် ကတော့ အဲ့လိုမဟုတ်။ကျောင်းသို့လာလျှင် နက်တိုင်ခ် စောင်းချင်စောင်းနေသည်။သို့မဟုတ် ကြယ်သီးတလွှဲတပ်သည်အထိ ဗြုတ်စဗျင်းတောင်းနိုင်သည်။
သူစိတ်ရှည်သည့်နေရာဆိုလို့ ဖွန်ကြောင်သည့်နေရာပဲရှိလိမ့်မည်။

ထိုလူ့ငနွားအကြောင်းကို ဦးနှောက်ထဲမှထုတ်ကာ မှန်ရှေ့သွားရပ်​တော့ ကျောင်းဝတ်စုံက သူ့ကိုယ်ထက်ခန့်ခန့်ညားညားနေရာယူထားသည်မို့ နှုတ်ခမ်းထောင့်လေးကွေးညွှတ်တက်သွားသည်အထိပြုံးလိုက်သည်။
ထို့နောက်အံ့ဆွဲတစ်ခုကို ဆွဲဖွင့်လိုက်​တော့ ဘူးတွေထဲ​တောက်ပြောင်နေသည့်နာရီတွေကိုတွေ့သည်။
ထိုနာရီတွေက သူ့ကို ဝတ်ပါ ဝတ်ပါဟု တောင်းဆိုနေသယောင်။

အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃Where stories live. Discover now