Episode -16
ရာဇ်တို့ကို ဖိတ်တဲ့အိမ်ကို ရောက်သွားချိန်က ညနေစာ စားချိန်ကွက်တိဖြစ်သည်။
ဒါကြောင့် ရောက်ပြီးမနားပဲ တန်းဝင်စားလိုက်တယ် ဆိုပါတော့။ထိုအိမ်ရဲ့အသည်းကျော်မင်းသားကတော့ သင်္ခါမင်းမောင်မို့လို့ ရာဇ်ရောရွှေရေးနွယ်ရော အနေခက်ခြင်းဘာညာမရှိကြ။
အနေခက်သည်ကတော့ သင်္ခါမင်းမောင်ရယ်ပါ။
ညနေ ကျောင်းကပြန်ရောက်ချင်း အပြင်ခိုးထွက်မလို့လုပ်နေတုန်း ကိုကြီးရဲ့ပြတ်သားတဲ့ ရာဇာသံကြောင့် အိမ်မှာအောင်းနေရသည်။
အကြောင်းကတော့ ဧည့်သည်တွေ အိမ်လာမယ်ဆို၍လေ။မာတာမိခင်ကလည်း မကြည်ကြည့်နှင့်တားသည်။
ဒယ်ဒီဖားသားကလည်း မျက်မှန်ကြီးအောက် မျက်လုံးဝင်းဝင်းကြီးတွေနှင့်တားသည်။ထိုတားနည်းမျိုးစုံကို သင်္ခါလက်မတွန့်။
သင်္ခါရှေ့ထိုင်နေသော ကိုကြီးကိုတော့ ကြောက်သည်။
ဒါကြောင့်လက်မတွန့်ချင်လည်း တွန့်ရသည်။
ခြေမတွန့်ချင်ရင်လည်း တွန့်ရသည်။အိမ်ရဲ့ အိမ်ထောင်ဦးစီးက အကိုကြီးလေ...။
အကိုကြီးကြောင့် ရာဇ်နဲ့တွေ့ခွင့်ရတာကိုကျေးဇူးတင်သည်။
ရာဇ်ကို သဘောကျသလိုမျက်လုံးကြီးတွေနှင့်ကြည့်တတ်သော ကိုကြီးကိုတော့ မကြိုက်ပါ။နည်းနည်းမှ မကြိုက်ပါ။''ညီမလေးဧကရာဇ်နွယ်နဲ့ ဒီကညီမလေး ထည့်စားနော် အားမနာနဲ့''
စီးပွားရေးရှင်ပီပီအကွက်ကျော်မြင်တတ်ကာ လက်ရဲဇက်ရဲ ခုဆို ပါးစပ်ပါရဲနေသော အကိုကြီးက လော်ကွပ်ပြုသည်။
ဟော...ရွှေရေးနွယ်ကို မကောင်းတတ်လို့လောကွပ်ပြုနေမှန်းလည်းသင်္ခါသိသည်။ပုံမှန်ဆို သူလိုချင်တာကိုသာ အာရုံစိုက်တတ်သော သူက ဘေးနားကလူတွေကိုပါ ဂရုစိုက်နေသည်။ အကိုကြီးက ရာဇ်ကိုတော်တော်သဘောတွေ့သွားလို့ဖြစ်သည်။
ဘုရား...ဘုရား ဒီလူရှုပ်လက်ထဲကို အဝါလုံးလေးအား သင်္ခါထည့်မပေးနိုင်ပါ။
ညီအစ်ကိုနှစ်ယောက် ထသတ်ရမယ်ဆိုရင်တောင် ကိုကြီးကိုအရှုံးခံမည်မဟုတ်။
YOU ARE READING
အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃
Romanceဆယ်ကျော်သက်ရဲ့ရေသောက်မြစ်အစပြုရာ အချိန်ကာလကြာညောင်းသည်အထိ။