အိတ်ချ်တူးအို💦 နှင့် နှင်းဆီပွင့်🥀

1.2K 67 3
                                    

အလိုမကျသလိုမျက်ဝန်းနှင့် ပြုံးစစမျက်ဝန်း လမ်းခုလတ်မှာ ဆုံမိတော့ ဘယ်သူမှအလျှော့ပေးမှာမဟုတ်မှန်း နှစ်ယောက်စလုံးသိလိုက်ရသည်။

''အို နင်ဘာလုပ်တာလဲ''

ရာဇ်လက်ထဲက ကတ်ကြေးကို ဆွဲလုသွားတာ လစ်ခနဲမို့
ပြူးကြောင်ကြည့်မိတုန်း ခြေလှမ်းကျဲတွေနှင့် ပန်းအိုးနားရောက်သွားပြီး ထိုပန်းပွင့်လေးကို ကိုက်ချလိုက်တာ တိခနဲ....။

ခွန်းစစ်ကတော့ အပင်မှကင်းကွာသွားသော နှင်းဆီလေးကို ​ လေထဲမြှောက်ပြကာ ရာဇ်၏ မကျေမနပ်ဖြစ်နေပုံလေးကို အတော်သဘောတွေ့နေပုံပါ။

''နင့်ကို ခူးလို့မရဘူးလို့ပြောတာမကြားဘူးလား''

သူ့လက်ထဲ ခေါင်းစိုက်နေသော နှင်းဆီပွင့်လေးကို နှမြောတသစွာကြည့်ပြီးပြောမိတော့ ငါးထောင်တန်တစ်ရွက် သုခွန်းစစ်က ကမ်းလာသည်။

''မယူဘူး...ငါ့ကိုမကျေမနပ်ဖြစ်အောင်လုပ်တဲ့အတွက်
နင့်ကိုမကျေမနပ်အောင်ပြန်လုပ်ပြမယ်''

''ငါက ငါ့ဘဝကိုကျေနပ်ပြီးသား နင်ကဘယ်လိုလုပ်မှာလဲ''

ရာဇ်ကို နှုတ်ခမ်းလေးတွန့်ကာ စိန်ခေါ်သည့်ပုံနှင့်ပြောလာတာမို့ ရာဇ်နှုတ်ခမ်းအိအိကို သွားနှင့်ဖိကိုက်မိလိုက်သည်။

''Jayrel Vim''

''ဟမ်''

''နင့်အဲ့နာမည်ခေါ်ရင်တအားမုန်းတယ်မို့လား
အထူးသဖြင့်ကျောင်းမှာခေါ်ရင်ပိုမုန်းတယ်ဆို''

''ခေါ်ရဲလား''

သုခွန်းစစ်ရဲ့ မျက်နှာက ပြုံးနေရာမှ တည်သွားတာကြောင့် ရာဇ်ကလည်း သူ့ကိုစိန်ခေါ်သည့်မျက်လုံးနှင့်ပြန်ကြည့်မိသည်။
အနည်းဆုံး ရာဇ်နည်းလမ်းကထိရောက်တာကြောင့် မကျေနပ်သည့်စိတ်က ကျေနပ်သွားတာအမှန်။

တည်ငြိမ်နေစ ဆက်ဆံရေးသည် ရာဇ်၏ အဖိုးတန်ပန်းလေးကို တားနေသည့်ကြားက ရက်ရက်စက်စက် ခူးခြွေသွားသော သုခွန်းစစ်ကြောင့် ဖရိုဖရဲဖြစ်သွားသည်။

ဧကရာဇ်နွယ် သည် ပုံမှန်ဆို တွန့်တိုတတ်သူမဟုတ်သော်လည်း ထိုနေ့က သုခွန်းစစ်၏ နောက်ထပ်အပြုအမူက ရာဇ်၏စိတ်ကို လာစမ်းနေသလားမှတ်ရသည်။
အကြောင်းမှာ သူအဓမ္မခူးသွားသောပန်းကို ရွှေရေးနွယ်၏ ဦးခေါင်းထက်တွင် တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃Où les histoires vivent. Découvrez maintenant