Episode -14)
''1.. 2 ..3 .. start!!
ရွှီး''ခရာသံကို ကြားရသည်နှင်ခွန်းစစ် ဖနောင့်နှင့်တင်ပါးတစ်သားတည်းကျအောင်ပြေးရပါတော့သည်။
''ချီးပဲကွာ ငါ့ကဘာလို့ ဒီမှာရှိနေရတာလဲ''
ဇော်ထက်သွင်ကလည်း ပုံမှန်အတိုင်း ညီးညူးကာနေသည်။
ပြေးနေရင်း လှမ်းပြောနေရသောကြောင့် ထက်သွင်အသံက ခပ်ပြာပြာ...''သုခွန်းစစ် ပြေးထားဟေ့ ဒုန်းဒုန်း...''
ပြေးလွှားနေစဥ် အားပေးသံကြောင့်
သူ့ဘေးနားက မိန်းကလေးငယ်တွေကို ခွန်းစစ်တစ်ချက်ကြည့်လိုက်မိသည်။''မပါဘူးပဲ...''
ခွန်းစစ် တိုးတိုးရေရွတ်ပြီး ပြေးနေတဲ့ အရှိန်ကိုမြင့်လိုက်သည်။
''ဟဲ့ တွေ့လား တွေ့လား ငါ့ဘက်လှည့်ကြည့်သွားတယ်''
''အား...ချွေးစို့နေတာတောင် ချောလိုက်တာဟယ်''
ဒီနေ့ ပထမရတဲ့သူက အသင်းခေါင်းဆောင်ဖြစ်မယ်ဆို၍ သင်္ခါမင်းမောင်က အသားကုန် ပြေးနှင်နေသည်။
ခွန်းစစ်ကတော့ ပြေးခိုင်း၍သာ ပြေးနေရတာ စိတ်ကသိပ်မပါ။
ဖြစ်နိုင်ရင် ထွက်တောင်ထွက်ပစ်ချင်သည်။ကျောင်းသားအရွယ် တတ်တတ်ကြွကြွ ဆင်နွှဲဦးမှဆိုသည့် နုပျိုစိတ်ကလေးသာ မရှိရင် ချက်ချင်းရပ်ပစ်မိမှာ...
''ပြေးဟေ့ ပြေးဟ''
ရူးကြောင်ကြောင်နှင့် အော်ကာ ခွန်းစစ်ရှေ့ကျော်တတ်သွားသော် ထက်သွင်ကို ခွန်းစစ် ပြုံးကြည့်မိသည်။
အမြဲတမ်း ဗရုတ်သုတ်ခ ဆိုသလို ခုလည်း နှစ်ယောက်တည်းရပ်ကြည့်နေတဲ့ ကောင်မလေးနှစ်ယောက်ထဲက တစ်ယောက်ကို ပြေးနေရင်း ရပ်ကာ လက်ဖမိုးအား ဖွဖွနမ်းပြေးသွားသည်။
''နှင်းငွေ့...ကျောက်ရုပ်ကြီးဖြစ်သွားပြီလား''
ခွန်းစစ်အနားရောက်ကာမှ ထိုမိန်းကလေးနှစ်ယောက်က ဧကရာဇ်နွယ်တို့ဖြစ်မှန်းသိရသည်။
''ဖိုက်တင်း Jayrelvim''
သူမ သူငယ်ချင်းကိုမေးရင်း ခွန်းစစ်အနားရောက်လာတော့
လက်သီးလေးဆုပ်ကာ မျက်လုံးလေးတစ်ဖက်မှိတ်၍ သူ့ကိုအားရပါးရ အားပေးနေသော ကရာဇ်ကို တစ်ချက်ကြည့်ကာ ခွန်းစစ် နှုတ်ခမ်းလေးသဲ့သဲ့ပြုံးသွားမိသည်။
YOU ARE READING
အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃
Romanceဆယ်ကျော်သက်ရဲ့ရေသောက်မြစ်အစပြုရာ အချိန်ကာလကြာညောင်းသည်အထိ။