အမည်တပ်မရသော

1.2K 76 6
                                    

Episode -12

ရာဇ် ဝင်သွားတာနဲ့ ကြားရတဲ့ရယ်သံတွေကြောင့် ခြေလှမ်းတုံ့သွားမိသည်။
နောက်ဖေးမီးဖိုးဆောင်က လှမ်းမြင်နေရသော အိမ်တော်ထိန်းဒေါ်ကြီး၏ မျက်နှာသည် ရာဇ်ကိုမြင်တော့ အံ့သြသွားသလိုရှိသည်။
ဒါပေမယ့် ချက်ချင်းပြန်တည်သွား၏။

''ဟုတ်တယ် မိုးငွေ့က Top 10ထဲပါတယ်''

''တော်တာပေါ့''

မိုးငွေ့ဖြူနှင့် ရွှေရေးနွယ်က ဘေးချင်းယှဥ်ကပ်ထိုင်နေပြီး
ဒယ်ဒီ့၏ ချီးကျူးသံသည် ရာဇ်ကိုမမြင်ခင်တည်းက ထွက်ပေါ်လာသည်။

ခါတိုင်းလို လူစုံတတ်စုံရှိနေတာဖြစ်ပြီး အဘိုးကသူထိုင်နေကျ ဆိုဖာပေါ်မှာ ခြေထောက်ကိုဟန်ပါပါချိတ်ထိုင်နေသည်။

''လာပြီလား''

ရာဇ်ကိုတွေ့တာနှင့် ပြုံး၍ကြိုဆိုနေသော ဒေါ်ကဗျာနွယ်ကို အသိအမှတ်ပြုရုံမျှ ခေါင်းငြိမ့်ပြလိုက်သည်။

''ပါးစပ်ကဖြေလေ''

အဘိုးရဲ့ အသံမာမာက မကြိုက်သလိုပါနေတာကြောင့် ရာဇ်ဆိုဖာပေါ်က နှစ်ယောက်ကို ကြည့်လိုက်သည်။

မိုးငွေ့ဖြူက ရာဇ်ကို တစ်ချက်ပဲကြည့်၍ မသိသလိုမျက်နှာလွှဲသွားပြီ ရွှေရေးနွယ်ကတော့ မဲ့ပြုံးနှင့်ဖြစ်သည်။

''ဟုတ်ကဲ့ ရောက်ပါပြီ ဒေါ်ကဗျာနွယ်''

အသံလှိုင်းအနိမ့်အမြင့်မရှိဘဲ ဒီတိုင်း တာဝန်ကျေရုံဖြေလိုက်သော ရာဇ်အသံသည် ဒေါသသံမပါသည့်တိုင် အဘိုးနှင့် ဒယ်ဒီ့ကို သဘောမတွေ့စေနိုင်လောက်ပါ။

''အင်း မင်းအဆင့်ဘယ်လောက်လဲ''

''2ပါ အဘိုး''

Top 10အထိ ကြေညာထားသော အဆင့်ကို အဘိုးကိုဖြေလိုက်​တော့ အဘိုးမျက်နှာက ကျေနပ်သွားပုံမရပါ။
ဒယ်ဒီက တစ်ချက်မျှခပ်သာသာပြုံးသည်။

ထိုအပြုံးသည် Top1ရသော ရွှေရေးနွယ်အတွက် ကျေနပ်နေသော အပြုံးနှင့် ရာဇ်ကို ခနဲ့ချင်သော အပြုံးတို့ပေါင်းစပ်နေပါလိမ့်မည်။

ရာဇ်သည် သူတို့မျက်နှာတွေကို အကဲဖြတ်၍ ကြီးပျင်းလာသော ကလေးတစ်ယောက်ဖြစ်သည်။
ဒါကြောင့် သူတို့ရဲ့ မျက်နှာအပြောင်းအလဲအားလုံးကို မျက်တောင်တစ်ခတ်ကြည့်ရုံနှင့် စိတ်ထဲမှတဆင့် ဦးနှောက်ထဲသို့ အလိုလိုအသိပေးပြီးသားဖြစ်သည်။

အချိန်စက်ဝန်းပေါ်က မောင့်မေတ္တာတွေ 🍃Where stories live. Discover now