(4)

299 9 0
                                    

Uni

နောက်နေ့ကျတော့ ပိုင်တို့မိသားစု တောင်ကြီး သွားကြပါတယ်။
စာမေးပွဲပြီးတာတောင် ဖူးပွင့် ကောင်းကောင်း မအိပ်နိုင်ဘဲ ပိုင့်ကို နှုတ်ဆက်ဖို့ စောစောထရပါတယ်။

"ပိုင်...."

"ဖူးပွင့်....အစောကြီး နိုးနေတာလား"

"ပိုင့်ကို မတွေ့လိုက်တော့မှာစိုးလို့"

"သြော်....."

"သမီးဖူးပွင့် တောင်ကြီးကနေ ဘာမှာဦးမလဲ"

"မမှာတော့ပါဘူး
ပိုင်....ဘာလက်ဆောင်မှ ပေးစရာမရှိလို့ ဒါလေး....."

ဖူးပွင့် စက္ကူငှက်လေးနှစ်ကောင် ပေးလိုက်ပါတယ်။

"အင်း....သိမ်းထားမယ်နော်"

"အဆင်သင့်ဖြစ်ရင် သွားကြမယ်"

"ဟုတ်....အဖေ သွားမယ်"

"ဖူးပွင့် သွားတော့မယ်နော်
ပြန်လာမှ တွေ့မယ်"

"အင်း....တာ့တာ"
............................................
စာမေးပွဲ ပြီးသွားတော့ ကျောင်းလည်း မတက်ရ အိမ်မှာလည်း အမေတို့က အလုပ်သွားကြတော့ တစ်ယောက်တည်း ပျင်းနေပါတယ်။
ပြက္ခဒိန်မှာ ပိုင်သွားတဲ့ရက်ကို မှတ်ရင်း ပြန်အလာကို မျှော်နေမိပါတယ်။
ပထမဆုံး ရည်းစားစထားဖူးတဲ့အချိန်မှာ ဘယ်မှလည်း လျှောက်မလည်ရသေး ချိန်းလည်းမတွေ့ရသေးဘဲ လွမ်းနေရပါတယ်။

"တီ....တီ....တီ"

ဖုန်းလာလို့ အောက်ထပ်ဆင်း ဖုန်းကိုင်လိုက်ပါတယ်။

"ဟယ်လို"

"ဖူးပွင့်"

"ဘယ်သူလဲ"

"ပိုင်...."

"ဟင်....တကယ် ပိုင်လား"

"ဟုတ်တယ်
အိမ်မှာ တစ်ယောက်တည်းမလား"

"အင်း....
ဖုန်းနံပါတ် ဘယ်လိုသိတာလဲ"

"ဖူးပွင့်ရယ်.... အိမ်နီးချင်း ဖုန်းနံပါတ်ကို မသိဘဲ နေပါ့မလား"

"တော်သေးတာပေါ့
ဖူးပွင့်က ဟိုမှာ ပိုင် အသစ်တွေ့ပြီ ထင်နေတာ"

"အသစ်တွေ့ဖို့ နေနေသာသာ ဘယ်မှတောင် မသွားရဘူး"

"အင်း...
ရန်ကုန်မှာတုန်းကရော ဘယ်သွားရလို့လဲ"

BeliefDonde viven las historias. Descúbrelo ahora