Uni
ပိုင် အိမ်ပြန်လာတဲ့ လမ်းတလျှောက်လုံး အတွေးပေါင်းများစွာနဲ့ ......
ဖူးပွင့်အိမ်ရှေ့ရောက်တော့.....
"ဖူးပွင့် ပိုင် ပြောတာ နားထောင်နော်
ဒီကိစ္စ ဘယ်သူ့ကိုမှ မပြောနဲ့ဦး
စာမေးပွဲ ဖြေဖို့ဘဲ အာရုံစိုက်ပြီး ကိုယ့်ပါကိုယ် နေကောင်းအောင်နေနော်""အမေတို့ကို ပြောပြလိုက်လို့ မရဘူးလား"
"အမေတို့က ပိုင်တို့ပြောတာ လက်ခံပြီး အေးအေးဆေးဆေး ပေးစားလိုက်မယ်လို့ ထင်လို့လား"
"ဒါဆိုရင် ဘယ်လိုလုပ်ရမှာလဲလို့..... ဟင့် .."
"ပိုင် စာမေးပွဲပြီးရင် စီစဥ်စရာရှိတာ စီစဥ်ပါ့မယ် ဖူးပွင့်ရယ်
ပိုင့်ကို ယုံတယ်မလား""ယုံတယ်....ဟင့်..."
"မငိုနဲ့တော့ ဖူးပွင့်အမေက ဘာဖြစ်လာလဲ ထင်နေဦးမယ်"
ဖူးပွင့် အိမ်ထဲဝင်သွားတော့ ပိုင် စိတ်မသက်မသာနဲ့ အိမ်ပြန်လာပါတယ်။
"သား.... ဘယ်ကပြန်လာတာလဲ"
"ကျောင်းကပါ အမေ"
"ပြီးရင် ကျူရှင် သွားသင်ဦးမှာလား"
"သင်ရမှာ အမေ"
"စာမေးပွဲ နီးနေပြီမလား စာသင်တာနားတော့လေ"
"မနားတော့ပါဘူး အားတဲ့အချိန်မှပဲ စာကျက်တော့မယ်
ကျွန်တော် ပိုက်ဆံလိုလို့ ကျူရှင်ဆက်သင်မှ ဖြစ်မယ်"အဲဒီအချိန် အဖေအခန်းထဲက ထွက်လာပြီး
"မင်းက ဘာတွေများ ဒီလောက် ပိုက်ဆံလိုနေရတာလဲ
အဖေ့ကို ပြော...... ""ဘာမှမဟုတ်ပါဘူး အဖေရယ် ဒီလိုပါပဲ ဝယ်ချင်တာ ရှိလို့ပါ"
"ပြောပါ ဘယ်လောက်လိုလဲ
မျက်နှာကလည်း မသာမယာနဲ့
အဖေ ထုတ်ချေးပေးမယ်
ပြီးမှ ဖြည်းဖြည်းချင်း ပြန်ဆပ်ပေါ့""မချေးတော့ပါဘူး အဖေရယ် ပြန်ဆပ်နိုင်မှာလည်း မဟုတ်ဘူးဆိုတော့...."
ပိုင်လည်း ပြောမိပြောရာပြောပြီး အိမ်ပေါ်တက်လာလိုက်ပါတယ်။
YOU ARE READING
Belief