Uni
ပိုင် ဒီနေ့ ထမင်းအတူ လာစားတော့
"ပိုင်....ဟိုလေ...."
"အင်း...."
"ပိုင့်အမေက ဖူးပွင့်နဲ့အတူ ထမင်းစားခိုင်းလို့ နေ့တိုင်း လာစားတာလားဟင်"
"မဟုတ်ပါဘူး
ကျွန်တော်ဘာသာ အတူစားချင်လို့ လာစားတာပါ
အမေက ကျွန်တော်နဲ့ ဖူးပွင့် ထမင်းအတူစားမှန်းတောင် မသိဘူး ""အင်း...
ပိုင်နဲ့ ဖူးပွင့်က သူငယ်ချင်းပဲဟာ.....
ပြီးတော့ အသက်လည်း ရွယ်တူပဲဆိုတော့ ကျွန်တော်လို့ မပြောပါနဲ့လား
နင် ငါပြောလည်း ရပါတယ်""အဲဒါဆို ဖူးပွင့်ခေါ်သလိုပဲ ကိုယ့်ပါကိုယ် ပိုင်လို့ပဲ နာမ်စားသုံးတော့မယ်"
"အင်း.....ပိုင် အဆင်ပြေသလို ပြောပါ"
"တခြား ဘယ်သူ့ကိုမှတော့ ကိုယ့်ကိုကိုယ် ပိုင်လို့ မပြောဖူးဘူး
ကျွန်တော် ဒါမှမဟုတ် ငါလို့ပဲ သုံးတာ""အဲဒါဆိုလည်း ငါလို့ပဲ သုံးလေ"
"ငါလို့ မပြောချင်လို့ပေါ့
ပြီးတော့ ဖူးပွင့်နဲ့လည်း ရင်းနှီးချင်လို့""အင်းပါ.... "
ပိုင်က ညနေဆို ကျူရှင်တက်ရလို့လား မသိဘူး ညနေ၆နာရီကျော်မှ အိမ်ပြန်လာလေ့ရှိတယ်။
ပြန်လာတာနဲ့ အိမ်ထဲကို တစ်ခါတည်း တန်းဝင်သွားတတ်တယ်။
အဲဒီ့အချိန်ဆို ဖူးပွင့်တို့ မိသားစုအားလုံးလည်း ပြန်ရောက်နေကြပြီဆိုတော့ အဆူခံရမှာစိုးလို့ ဖူးပွင့် ဟိုဘက်ခြံကို သိပ်မချောင်းရဲပါဘူး။နောက်နေ့ ကျောင်းကျမှပဲ တွေ့ပါတော့မယ်လေ။
နောက်နေ့ ထမင်းစားချိန်ရောက်တော့
"ပိုင်....ဖူးပွင့် နည်းနည်းလောက် စပ်စုလို့ရမလား"
"အင်း..."
"သူငယ်ချင်းဆိုတော့ နည်းနည်းပါးပါး သိထားချင်လို့ပါ"
"အင်းပါ.... ရတယ်.....မေးလေ"
"ပိုင့်ရဲ့ တစ်နေ့တာ အချိန်စာရင်းကို ပြောပြပါလား"
"ဟမ်....အချိန်စာရင်း.....
အချိန်စာရင်း ဆိုတာထက် တစ်နေ့တာ ပုံမှန် လုပ်ရတာတွေကတော့.....
မနက်ဆို ၆နာရီထတယ်
မျက်နှာသစ် အဝတ်အစားလဲ မနက်စာစားတယ်
၇နာရီဆို ကျူရှင်သွားတယ်
၈နာရီခွဲ ကျူရှင်ဆင်းရင် ကျောင်းလာတယ်"
VOCÊ ESTÁ LENDO
Belief