(19)

281 5 0
                                    

Uni

ပိုင် အမောတကောပြေးလိုက်သွားပြီး ဆေးရုံရောက်တော့

"ဖြည်းဖြည်း လာပါ ပိုင်ရယ်"

"ကလေးနဲ့ ဖူးပွင့်ရော....."

"ဖူးပွင့်က သန့်ရှင်းရေး လုပ်ပြီး ခဏနေအခန်းပြန်လာမှာ"

"ကလေးက ဒီမှာပါ"

သူနာပြုဆရာမက ကလေးလေးချီပြီး ဝင်လာပါတယ်။

"ချစ်စရာလေး.... "

အားလုံးက ကလေးလေးကို ကြည့်ပြီး ပြုံးပျော်နေကြပါတယ်။
အဲ့အချိန်မှာ ဖူးပွင့် မွေးခန်းထဲ့ကနေ လူနာဆောင် ပြန်လာပါတယ်။
အခန်းထဲရောက်ရောက်ချင်းမှာပဲ

"ပိုင်....ကလေးက မိန်းကလေးဆိုတာ ပိုင် အစောကြီးကတည်းက ကြိုသိနေတယ်မလား"

"အင်း...."

"မိန်းကလေး ဖြစ်နေတော့ ဘယ်လိုလုပ်မလဲ"

"ဘာဖြစ်လို့လဲ ဖူးပွင့်ရဲ့"

"ဖူးပွင့်က ပိုင်နဲ့တူတဲ့ ယောကျ်ားလေးပဲ လိုချင်တဲ့ဟာ...."

အားလုံး ပျော်နေတဲ့အချိန်မှာ ဖူးပွင့်တစ်ယောက်တည်းပဲ အလိုမကျဖြစ်နေပါတယ်။

"ဖူးပွင့်ကလည်း ဘယ်လိုပြောလိုက်တာလဲ
သမီးလေးကလည်း ပိုင်နဲ့တူပါတယ်
ဒီမှာကြည့်ပါဦး ချစ်စရာလေး... တစ်တစ်တုတ်တုတ်လေး"

ဖူးပွင့် ကလေးကို တစ်ချက်ကြည့်ပြီး မျက်နှာကတော့ မှုန်ကုပ်နေပါသေးတယ်။

"ဖူးပွင့်....ဘာပဲဖြစ်ဖြစ် ပိုင်ကတော့ ချစ်တယ်
သမီးလေးကို နို့တိုက်လိုက်ပါဦး"

ဘယ်လောက်ပဲ အတ္တရှေ့တန်းတင်တင် မိခင်ဖြစ်တဲ့အတွက် ဖူးပွင့် သမီးလေးကို နို့တိုက်ရင်း ပြုံးလိုက်မိပါတယ်။
အမေတို့ကိုလည်း သတိရမိပါတယ်။
ငယ်ငယ်တုန်းက အမေအဖေတို့က ဖူးပွင့်ကို ဘယ်လောက်တောင် ချစ်လိုက်မလဲ။

ပိုင့်မျက်နှာကို မသိမသာ ကြည့်လိုက်မိတော့ ပိုင် ပြုံးနေပြီး တကယ် သမီးလေး ရောက်လာတာကို ပျော်နေပုံပါပဲ။

တော်သေးတာပေါ့ ပိုင့်ကို ချည်နှောင်ဖို့ နောက်ထပ် သံယောဇဥ်တစ်ချောင်း ထပ်ရောက်လာလို့.......

BeliefWhere stories live. Discover now