(9)

270 5 0
                                    

Uni

နောက်နေ့မနက်အိပ်ရာနိုးတော့ ပိုင် လက်က တော်တော်နာနေပါတယ်။ကျောင်းသွားရမှာမို့ ရေချိုးပြီး အဝတ်အစားလဲလိုက်ပါတယ်။
လက်ကဒဏ်ရာကို အမေတို့မမြင်အောင် အင်္ကျီလက်ရှည် ဝတ်လိုက်ပါတယ်။

အောက်ထပ်ဆင်းလာတော့

"သား သွားတော့မလို့လား မနက်စာလာစားလေ
ထမင်းဘူးလည်း ထည့်ပေးထားတယ်"

"ဟုတ်ကဲ့ အမေ"

အမေ စိတ်ဆိုးမှာ စိုးလို့သာ ထမင်းစားပွဲကို သွားပေမဲ့ လက်က တော်တော်နာနေတာကြောင့် မနည်းဟန်ဆောင် ထားရပါတယ်။

"သား ပူတဲ့ရာသီကြီးကျမှ ဘာလို့ လက်ရှည်ကြီး ဝတ်တာလဲ
အမေ သား အင်္ကျီတွေ မီးပူတိုက်ပေးထားတယ်လေ"

"ဟုတ် အမေ
အသားမဲမှာလည်းစိုးလို့ ပြီးတော့....."

ပိုင် မနက်မုန့်စားဖို့ ဇွန်းကိုင်လိုက်တော့ လက်နာ နာပြီး ဇွန်းလွတ်ကျသွားပါတယ်။

"သား လက်နာနေတာလား
မနေ့က အကောင်းပါ
ဘာဖြစ်ထားတာလဲ
ရန်ဖြစ်ထားတာလား"

"မဟုတ်ပါဘူး အရမ်း မနာပါဘူး"

အမေက ပိုင့်လက်ဆွဲပြီး အင်္ကျီလက်ကို လှန်လိုက်ပါတယ်။

"ဟင်....ကိုက်ရာကြီးမလား
ဘယ်သူလုပ်တာလဲ"

"လူ မဟုတ်ပါဘူး အမေရဲ့"

"ဘာ လူ မဟုတ်တာလဲ
လူသွားကိုက်ရာကြီးဟာ ....သွေးတောင်ထွက်နေသေးတယ်"

အမေနဲ့ ငြင်းနေတုန်း အဖေလည်း အခန်းထဲက ထွက်လာပါတယ်။

"ဘာဖြစ်နေကြတာလဲ"

"ရှင့်သားကို ဘယ်သူ ကိုက်လိုက်လည်း မသိဘူး
အဲဒါမေးနေတာ"

"သား....လူကိုက်တာ ဆိုးတယ်နော်
ကိုက်တဲ့သူဆီက ရောဂါတွေ ဘာတွေ ကူးရင် ခက်မယ်
ဘယ်သူကိုက်တာလဲ"

"အိမ်ရှေ့အိမ်က ကောင်မလေး ကိုက်လိုက်တာမလား"

"မဟုတ်ပါဘူး အမေရယ်"

"သားနဲ့ ဖူးပွင့် ခင်တာကို အမေ မပြောလိုပါဘူး
ဒါပေမဲ့ သူများကို ကိုယ်ထိလက်ရောက် လုပ်တာမျိုးတော့ အမေမကြိုက်ဘူး"

BeliefWhere stories live. Discover now