Uni
နောက်နေ့မနက်ရောက်တော့ ပိုင့်အမေနဲ့တိုးမှာစိုးလို့ ပိုင့်ကို အိမ်ရှေ့မှာမစောင့်တော့ဘဲ ကျောင်းပဲတန်းသွားလိုက်ပါတယ်။
ကျောင်းရောက်တော့ အရေးကြီးတဲ့အတန်းချိန်၂ချိန်လောက်တက်ပြီးတာနဲ့ ပိုင့်ကျောင်းကို သွားခဲ့ပါတယ်။
ပိုင့်ကျောင်းရောက်တော့ နေ့လည်ထမင်းစားချိန်ရောက်နေပြီမို့ ပိုင့်ကို ဖုန်းမဆက်သေးဘဲ ကန်တင်းကို အရင်သွားရှာလိုက်ပါတယ်။
ကန်တင်းက ၂ဆိုင်မြောက်လောက်မှာ ပိုင့်ထိုင်နေတာ တွေ့ပါတယ်။
တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။
ဒီလောက်ကျောင်းကိုလာမယ် ပြောထားတာတောင် တခြားတစ်ယောက်နဲ့ ပျော်မြူးနေတာမြင်ရတာ ဒေါသကို ဆွနေသလိုပါပဲ။
ဖူးပွင့် ဒေါသကို မထိန်းနိုင်တော့ဘဲ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်နိုင်တော့ပါဘူး။
ပိုင့်ကျောကုန်းကို နောက်ကျောကနေ ဆောင့်တွန်းလိုက်ပြီး"ငါလာမယ်ဆိုတာသိရက်နဲ့နင်ကတခြားတစ်ယောက်နဲ့တောင်ပျော်ပါးနေနိုင်သေးတယ်နော်"
"ဟင်....ဖူးပွင့် ရောက်လာတာလား"
"မနေ့ညကတုန်းကမက်ဆေ့ချ်ပို့ထားတယ်လေမဖတ်ဘူးလား"
"ရှုပ်နေရတာနဲ့မက်ဆေ့ချ်တောင်မဖတ်ရသေးဘူး"
"ထိပ်ထားစံနဲ့ကိစ္စရှင်းဖို့လာတာကို အခုတစ်ယောက်နဲ့......"
ပိုင့်ဘေးက ကောင်မလေးကတော့ ရုတ်တရက်ဆိုတော့ လန့်နေပုံပါပဲ။ ဘာမှတော့ ဝင်မပြောပါဘူး။
"တခြားမှာသွားပြီး အေးအေးဆေးဆေး ပြောရအောင်"
"ဘာမှ ပြောစရာမလိုတော့ဘူး
နင်က တော်တော် အရှက်မရှိ မျက်နှာပြောင်တိုက်တာပဲ"ဖူးပွင့် စိတ်တိုလာရင် ကိုယ့်ပါကိုယ် မထိန်းနိုင်တော့ဘူး။
ရှက်လို့ ငိုရင်းနဲ့ ပိုင့်မျက်နှာကို လက်သည်းနဲ့ထိုးစိုက်ပြီး ကုတ်ခြစ်မိပါတယ်။
ပိုင့်ပါးမှာ လက်သည်းခြစ်ရာကနေ သွေးထွက်လာပါတယ်။"ကို....မျက်နှာမှာ သွေးထွက်နေပြီ"
ကောင်မလေးက ပြောရင်းနဲ့ ပိုင့်မျက်နှာကို တစ်သျူးနဲ့ သုတ်ပေးနေပါတယ်။
သူ့ကြည့်ရတာ တခြားစိတ်ခံစားချက်မရှိဘဲ ပိုင် ထိခိုက်မိသွားတာကိုပဲ စိတ်ပူနေပုံပါပဲ။
ပိုင်နဲ့တွဲတဲ့သူတွေရဲ့ စိတ်ခံစားချက်နဲ့ သွေးအေးမှုတွေကတော့ အံ့မခမ်းပါပဲ။
YOU ARE READING
Belief