(18)

220 4 0
                                    

Uni

နောက်အပတ်မှာတော့ ဖူးပွင့် အကြောင်းမရှိ အကြောင်းရှာပြီး ပိုင်စာသင်တဲ့ အိမ်ရှေ့ခန်းမှာ ထွက်ထိုင်နေပါတယ်။

ပိုင်ကတော့ သူ့အာရုံနဲ့သူ စာပဲအာရုံစိုက်သင်ပါတယ်။
ပိုင်ပုံစံကြည့်ရင် ရိုးသားတည်ကြည်သလိုနဲ့ ဘာလို့ ရည်းစားရှုပ်မှန်း ဖူးပွင့် ခုထိ မတွေးတတ်ပါဘူး။

တစ်ပတ်ပြီး တစ်ပတ်ကြာလာတော့ အရာရာ အသားကျသလိုလိုတော့ ရှိလာပါတယ်။
ပိုင်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်မတိုဖို့နဲ့ စိတ်ညစ်မခံဖို့ အမြဲပြောပါတယ်။
သူ့​ကြောင့်သာ မဟုတ်ရင် ဖူးပွင့်မှာ ဘာစိတ်တိုကိစ္စရှိလို့လဲ။
...........................................
"ပိုင်....ဖူးပွင့် Ultrasound မရိုက်ချင်ဘူး
ကလေးက ဘာလေးလဲဆိုတာ ကြိုမသိချင်ဘူး"

"ဘာလို့လဲ ဖူးပွင့်ရဲ့"

"ဖူးပွင့်က ပိုင်နဲ့တူတဲ့ သားလေးပဲ လိုချင်တာ
ကြိုရိုက်ထားပြီး သားလေး မဟုတ်မှာစိုးလို့"

"ဒါပေမဲ့လည်း.....Ultrasound တော့ မရိုက်လို့မရဘူးလေ
ကလေးအနေအထားမှန်မမှန်နဲ့ တခြားအရာတွေ စစ်ဆေးဖို့ ရိုက်မှရမှာပေါ့"

"အဲဒါဆို ရိုက်ပေးမဲ့ဆရာဝန်ကို ကြို​ပြောထား​ပေး
ရိုက်နေချိန်မှာ ဘာလေးလဲဆိုတာ မပြောပါနဲ့လို့"

"အင်းပါ...ကြိုပြောထားလိုက်မယ်
ပိုင်ကတော့ ဘာလေးပဲမွေးမွေး ချစ်မှာပဲ"

"ပိုင်က ကလေးကို တကယ်ရော ချစ်လို့လား"

"ချစ်တာပေါ့
ကိုယ့်သားသမီးကို မချစ်တဲ့မိဘ ရှိလို့လား"

"ဒါပေမဲ့ ကလေးရှိတယ်ဆိုတုန်းက ပိုင် မပျော်ဘူးလေ"

"အဲဒါက ဘဝမှာ စစချင်းအပြောင်းအလဲဖြစ်သွားတာကြောင့်ပါ
ကဲပါ....အိပ်တော့.... မနက်ကျ ဆေးခန်းသွားရမယ်"

"ပိုင်... ဖူးပွင့်ဘက် လှည့်အိပ်
ခုချိန်စပြီး ပိုင့်ကို ခဏခဏကြည့်မယ်
ပိုင်နဲ့တူတဲ့ကလေးလေး မွေးအောင်လို့"

"ဟုတ်ပါပြီ... ကြည့်စေဗျာ...."

နောက်နေ့ ဆေးခန်းရောက်တော့ ဖူးပွင့်ပြောတဲ့အတိုင်း ပိုင်က ဆရာဝန်ကို ကြိုပြောထားပါတယ်။
ဆရာဝန်က ဖူးပွင့်ရှေ့မှာတော့ ကလေးအနေအထားမှန်မမှန်နဲ့ ကျန်းမာကြောင်းပဲ ပြောပါတယ်။
ပြီးမှ ပိုင့်ကို ကလေးဘာလေးလဲဆိုတာ ပြောလိုက်ပါတယ်။

BeliefWhere stories live. Discover now