(15)

207 5 1
                                    

Uni

နောက်နေ့မနက်ရောက်တော့ ပိုင် ဖူးပွင့်ကို အိမ်ရှေ့မှာ သွားစောင့်နေပါတယ်။
ဖူးပွင့်အမေတွေကတော့ စာမေးပွဲပြီးလို့ လျှောက်လည်ကြမယ်ပဲ ထင်နေတာပါ။

"ပိုင်....အမေတို့နဲ့တွေ့လိုက်သေးလား"

"အင်း....တွေ့လိုက်တယ်"

"ဘာမေးသေးလဲ"

"ဖူးပွင့်....ကားပေါ်ရောက်မှ ပြောရအောင်
ပိုင့်အမေထွက်လာမှာစိုးလို့....."

ပိုင် ဖူးပွင့်လက်ဆွဲခေါ်လာပြီး ကားမြန်မြန် တားစီးလိုက်ပါတယ်။

"ဘာလို့ အဝတ်အစားကို ကျပ်တာတွေ ဝတ်လာတာလဲ"

"လှချင်လို့ပေါ့ ဒီရက်လေးတော့ လှလှလေးဖြစ်ချင်တယ်လေ"

"ဒါပေမဲ့လည်း....မလွတ်မလပ်ဖြစ်နေမှာပေါ့"

"ဗိုက်က ထွက်သေးတာမှ မဟုတ်ဘဲ......
ဘာမှမဖြစ်ပါဘူး"

"......"

"ပိုင်....ခုနမေးတာ ဖြေဦးလေ
အမေတို့နဲ့ တွေ့တော့ ဘာပြောသေးလဲ"

"အပြင်သွားကြမလို့လား အရမ်း နောက်ကျအောင် မနေနဲ့တဲ့
ဒါပဲပြောတယ်
ဖူးပွင့်က ဘယ်လိုပြောထားလို့လဲ"

"ပိုင်နဲ့ အပြင်သွားမယ်ပဲ ပြောထားတာ"

"အင်းပါ....ပိုင် ပြောတာတွေတော့ ကြိုတင်ပြင်ဆင်ထားနော်"

"အင်း...အင်း....
ဒါနဲ့ အသိသက်သေက ဘယ်သူလိုက်ထိုးပေးမှာလဲ"

"တရားရုံးမှာ စောင့်နေကြလိမ့်မယ်"

တရားရုံးရှေ့ရောက်တော့

"ဟမ်...ထိပ်ထားစံ"

ထိပ်ထားစံနဲ့ ပိုင့်သူငယ်ချင်းတစ်ယောက် စောင့်နေပါတယ်။

"ပိုင်တို့ ရောက်လာပြီလား"

"အင်း....စောင့်နေရတာ ကြာပြီလား
ဆောရီး....လူကြီးတွေ အရိပ်အခြေကြည့်နေရလို့"

"ရပါတယ် မကြာသေးပါဘူး"

ဖူးပွင့် ပိုင့်ကို မသိမသာ လိမ်ဆွဲလိုက်ပါတယ်။

"ဖူးပွင့်....အိမ်သာသွားဦးမလား"

ပိုင်က ပြောစရာရှိလို့ ဖူးပွင့်ကို စကားစလိုက်ပါတယ်။

BeliefWhere stories live. Discover now